တောင်ကိုရီးယားမှာ ခွေးသားရောင်းဝယ်မှုအပေါ် ကန့်ကွက်ဆန္ဒထုတ်ဖော်

တောင်ကိုရီးယားမှာ ခွေးသားရောင်းဝယ်မှုအပေါ် ကန့်ကွက်ဆန္ဒထုတ်ဖော်

ဇူလိုင် ၁၇ ။            ။ တောင်ကိုရီးယားနိုင်ငံမှာ ခွေးသား ရောင်းဝယ်ဖောက်ကားနေမှုတွေအပေါ် ကန့်ကွက်တဲ့အနေနဲ့ ဇူလိုင် ၁၇ ရက်က တိရိစ္ဆာန်အခွင့်အရေး အဖွဲ့တွေ စုဝေးပြီး ဆိုးလ်မြို့လယ်မှာ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

'Animal Liberation Wave' နဲ့ 'Last Chance for Animals' ဆိုတဲ့ တိရိစ္ဆာန်အခွင့်အရေး အဖွဲ့တွေက တက်ကြွလှုပ်ရှားသူတွေက ခွေးသားရောင်းဝယ်ရေး ခြံတစ်ခုကနေ ပြန်လည်ယူဆောင်လာတဲ့ ခွေးသေတွေကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

၎င်းတို့ရဲ့ ဆန္ဒထုတ်ဖော်မှုကိုတော့ ဆိုးလ်မြို့လယ်က ဂွမ်ဟွာမွန် ပလာဇာမှာ ပြုလုပ်ခဲ့ပါတယ်။

" သူတို့က ပြောကြတယ်၊ ခွေးသားစားတာက ကိုရီးယားတွေရဲ့ရိုးရာတဲ့လေ၊ ဒါပေမယ့် ခု ခေတ်မှာတော့ ဒီအစဉ်အလာဟာ အလျင်အမြန် ပျောက်ကွယ်နေပြီဆိုတာ အထင်းသားကြီး မြင်နိုင်ပါလိမ့်မယ်၊ တကယ်တော့ ခွေးလေးတွေကို ချစ်ခင်စောင့်ရှောက်တာကပဲ ကိုရီးယားယဉ်ကျေးမှုရဲ့ အကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်" ဆိုပြီး 'Last Chance for Animals' အဖွဲ့ရဲ့ ဥက္ကဌ Chris DeRos က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly