ကိုယ်ဝန်ဆောင်နှင့် လိင်ဆက်ဆံရာမှ ကူးစက်တတ်သောရောဂါများ အကြောင်း

ကိုယ်ဝန်ဆောင်နှင့် လိင်ဆက်ဆံရာမှ ကူးစက်တတ်သောရောဂါများ အကြောင်း

ရေးသားသူ Dr.Aye Myat Myat Noe
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

ကိုယ်ဝန်သည်အမျိုးသမီးတွေဟာ အခြားလူတွေလိုပဲ လိင်လမ်းကြောင်းမှတဆင့်ကူးစက်တတ်သောရောဂါများ ဖြစ်နိုင်ချေရှိပါတယ်။ အကယ်လို့ သင်ဟာကိုယ်ဝန်သည်မိခင်ဆိုပါက သင့်ကိုယ်သင်နှင့် သင့်ကလေးကို ကာကွယ်နိုင်ဖို့ ဒါတွေကိုသိထားသင့်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ရောဂါရှာဖွေကြည့်ဖို့လိုသလား

လိင်လမ်းကြောင်းမှ ကူးစက်တတ်သောရောဂါတွေဟာ ကိုယ်ဝန်ကိုအန္တရာယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ပထမဆုံး ဆေးရုံသွားဗိုက်အပ်ကတည်းက စစ်ဆေးရှာဖွေဖို့လိုအပ်ပါတယ်။ တကယ်လို့ အရင်ကစစ်ထားဖူးရင်တောင်မှ ကိုယ်ဝန်ဆောင်စဉ်မှာ ထပ်စစ်ဖို့လိုပါတယ်။ ရောဂါတော်တော်များများက လက္ခဏာထင်ထင်ရှားရှားမပြနိုင်သေးခင်မှာ သင်ခံစားနေရတာများရှိပါက သို့မဟုတ် ရောဂါရနိုင်ခြေရှိတဲ့ ကာမစပ်ယှက်မှုမျိုးရှိခဲ့ဖူးပါက ဆရာဝန်ကို ဖွင့်ဟအသိပေးပြောပြဖို့က အရေးကြီးပါတယ်။

ကိုယ်ဝန်ကို ဘယ်လိုထိခိုက်နိုင်လဲ

HIV- သင့်ကလေးဆီကို ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားနေစဉ် သို့မဟုတ် နို့တိုက်နေစဉ် ကူးစက်သွားနိုင်ပါတယ်။ ကံကောင်းစွာပဲ တကယ်လို့သင်က ရောဂါကိုစောစီးစွာသိရှိခဲ့ရင် ကလေးကိုကူးနိုင်ခြေနည်းအောင် ကာကွယ်နည်းတချို့ရှိပါတယ်။

အသည်းရောင် ဘီရောဂါ

ဒီအသည်းရောဂါတစ်မျိုးဟာဆိုရင် ကိုယ်ဝန်ဆောင်နေစဉ်မှာ သင့်ကလေးကိုကူးစက်သွားနိုင်ပါတယ်။ သင်ရောဂါရချိန်ဟာ မီးဖွားခါနီးချိန်နှင့် နီးကပ်လေလေ၊ ကူးနိုင်ခြေများလေလေဖြစ်ပါတယ်။ မွေးပြီးပြီးခြင်း ကုသမယ်ဆိုပါက ပျောက်ကင်းနိုင်ခြေရှိပါတယ်။

Chlamydia ကလက်မိုင်းဒီးယားဟုခေါ်သော ကူးစက်ရောဂါ

ဒီရောဂါဟာ နေ့မစေ့ လမစေ့မွေးဖွားခြင်း၊ ရေမြွှာစောစောပေါက်ခြင်းနှင့် ကလေးပေါင်မပြည့်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ မွေးဖွားနေစဉ်မှာ သင့်ကလေးကို ဒီရောဂါ ကူးသွားနိုင်ပါတယ်။

ကာလသားရောဂါ

ကိုယ်ဝန်ဆောင်စဉ် ကာလသားရောဂါဟာ နေ့မစေ့လမစေ့မွေးခြင်း၊ အသေမွေးခြင်း၊ တစ်ခါတရံ မွေးမွေးပြီးချင်းကလေးသေခြင်း တို့ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ ကလေးထံကူးနိုင်ပြီး အသက်ရှင်လျက် မွေးလာသောကလေးကို မကုသပါကလည်း အင်္ဂါအစိတ်အပိုင်း တော်တော်များများ ထိခိုက်သွားစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်မှာ ဘယ်လိုကုသရမလဲ

ကာလသားရောဂါနှင့် ကလက်မိုင်းဒီးယား (Chlamydia) တို့ကို ပဋိဇီဝဆေးများနှင့် ကုသနိုင်ပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော HIV ၊ အသည်းရောင်အသားဝါ ဘီ နဲ့စီ တို့မှာမူ ကုသရန်ဆေးမရှိဘဲ ဗိုင်းရပ်စ်သတ်ဆေးများဖြင့် ကလေးထံကူးစက်နှုန်းကိုတော့ လျှော့ချနိုင်ပါတယ်။

ရောဂါရနိုင်ခြေဘယ်လိုလျှော့ရမလဲ

  •     လိင်ဆက်ဆံခြင်းရှောင်ပါ။
  •     ရောဂါမရှိသောအဖော်တစ်ယောက်တည်းနှင့်သာ အချိန်ကြာကြာ တည်မြဲသော ဆက်ဆံရေးမျိုးတည်ဆောက်ပါ။
  •     ရောဂါရှိမရှိမစစ်ရသေးမချင်း အဖော်အသစ်နှင့် လိင်ဆက်ဆံခြင်းမျိုးရှောင်ပါ။
  •      လိင်လမ်းကြောင်းအမြှေးပါးနှင့်တိုက်ရိုက်ထိတွေ့မှုကို ရှောင်ရှားနိုင်အောင်ကွန်ဒုံးသုံးပါ။ မည်သည့်နည်းလမ်းဖြင့် ဆက်ဆံသည်ဖြစ်ပါစေ၊ တစ်ခါလိင်ဆက်ဆံတိုင်း အကာအကွယ်အသစ်တစ်ခု ပြောင်းလဲသုံးစွဲပါ။ ချောဆီများမသုံးပါနှင့်။ သဘာဝအမြှေးပါး များဖြင့် ပြုလုပ်ထားသော ကွန်ဒုံးများသည် လိင်မှတစ်ဆင့်ကူးစက်ရောဂါများကို ထိရောက်သောကာကွယ်မှုမျိုးမပေးနိုင်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly