ထရမ့်နဲ့ ပူတင်တို့ရဲ့ သမိုင်းဝင် ထိပ်သီးအစည်းအဝေး စတင်

ထရမ့်နဲ့ ပူတင်တို့ရဲ့ သမိုင်းဝင် ထိပ်သီးအစည်းအဝေး စတင်

ဟယ်ဆင်ကီ၊ ဇူလိုင် ၁၆ ။            ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှသမ္မတ ဗလာဒီမာပူတင်တို့ဟာ ဖင်လန်နိုင်ငံ ဟယ်ဆင်ကီမြို့မှာ ဇူလိုင် ၁၆ ရက်က သမိုင်းဝင်ထိပ်သီးအစည်းအဝေးကို ပြုလုပ်ကျင်းပခဲ့ပါပြီ။

သာမန်ထက် ပိုလွန်ထူးကဲတဲ့ ဆက်ဆံရေးတစ်ရပ်ကို ထရမ့်က ကတိပေးသလို ပူတင်ကလည်း ဒါဟာ ကမ္ဘာ့တစ်လွှားက အငြင်းပွားမှုတွေကို ရှင်းထုတ်ရေး အမြင့်ဆုံးအချိန်အခါပဲလို့လည်း ပြောပါတယ်။

သိပ်ရွှင်ပျဟန် မရှိကြတဲ့ ခေါင်းဆောင်နှစ်ဦးသားဟာ ၎င်းတို့ရဲ့ ထိပ်သီးအစည်းအဝေးအစ သတင်းစာရှင်းလင်းပွဲမှာ အဖွင့်မှတ်ချက်ပြုစကားတွေကို အပြန်အလှန် ပြောဆိုခဲ့ကြပါတယ်။

ဒီထိပ်သီးအစည်းအဝေးရဲ့ အလားအလာကောင်းကို ထရမ့်က ချီးမွှမ်းပြောဆိုချိန် ပူတင်ကလည်း ကျွန်တော်တို့ ဆက်ဆံရေးနဲ့ ကမ္ဘာ့ ပြဿနာနယ်ပယ်တွေအတွက် ထိရောက်တဲ့လမ်းကြောင်းပေါ် ရောက်ရှိရေး ဆွေးနွေးကြမယ့် အချိန်အခါပါပဲလို့ ဆိုပါတယ်။

သမ္မတ ထရမ့်ဟာ ပူတင်နဲ့ အစည်းအဝေး မတိုင်ခင် ဥရောပခရီးစဉ် ထွက်ခဲ့တာဖြစ်ပြီး နေတိုးထိပ်သီးအစည်းအဝေးနဲ့ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေတို့နဲ့လည်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

၂၀၁၆ အမေရိကန် ရွေးကောက်ပွဲမှာ ရုရှခြေထိုးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေချိန် ရုရှ ၁၂ ဦးကို စွဲချက်တင် စစ်ဆေးနေဆဲ ကာလမှာ ပူတင်နဲ့ ထရမ့်တို့ ခုလို ထိပ်သီးစည်းဝေးကြတာလည်းပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags