Ayutthaya Asian Youth Football Festival 2018 ပြိုင်ပွဲတွင် ရန်ကုန်အကယ်ဒမီယူ-၁၃ အသင်း ငွေတံဆိပ်ဆုရရှိ

Ayutthaya Asian Youth Football Festival 2018 ပြိုင်ပွဲတွင် ရန်ကုန်အကယ်ဒမီယူ-၁၃ အသင်း ငွေတံဆိပ်ဆုရရှိ
(ဓာတ်ပုံ - MFF)

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့တွင် ကျင်းပတဲ့ Ayutthaya Asian Youth Football Festival 2018 ပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ ရန်ကုန်အကယ်ဒမီ ယူ-၁၃ အသင်းဟာ ဒုတိယငွေတံဆိပ်ဆု ဆွတ်ခူးရယူနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ရန်ကုန်ဘောလုံးအကယ်ဒမီ လက်ရွေးစင် ယူ-၁၃ အသင်းက ထိုင်းအခြေစိုက်အသင်းဖြစ်တဲ့ နာရာယူနိုက်တက်အသင်းကို ၈-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ ရန်ကုန်အကယ်ဒမီ ယူ-၁၃ အသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အယုဒ္ဓယယူနိုက်ကို အနိုင်ရခဲ့တဲ့ ထိုင်းကလပ်မပီတီတီ အကယ်ဒမီအသင်းနဲ့ တွေ့ဆုံ ယှဉ်ပြိုင်ခဲ့ရပြီး အိမ်ရှင်ပီတီတီ အကယ်ဒမီအသင်းက ဝ-၁ ဂိုးနဲ့ ရန်ကုန်အကယ်ဒမီယူ-၁၃ အသင်းကို အနိုင်ရရှိသွားခဲ့ပါတယ်။

ပီတီတီအသင်းအတွက် တစ်လုံးတည်သော အနိုင်ဂိုးကို ပွဲချိန်ဒုတိယပိုင်းမှာ ကျောနံပါတ်(၉) Papangkorn Yodsaphon က ပြစ်ဒဏ်ဘောလုံးကနေ တစ်ဆင့် သွင်းယူခဲ့တာဖြစ်ပါတယ်။

Ref; MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly