အလုပ်နဲ့ ဝါသနာ ထပ်တူကျဖို့ မလွယ်ဘူးဆိုတဲ့ ထျန်ခေး

အလုပ်နဲ့ ဝါသနာ ထပ်တူကျဖို့ မလွယ်ဘူးဆိုတဲ့ ထျန်ခေး

ရန်ကုန် ၊ ဇူလိုင် ၁၆ ။         ။ အိမ်မက်ဆုံရာ အဆိုပြိုင်ပွဲကနေ အနုပညာလောကကို ရောက်ရှိလာခဲ့တဲ့ အဆိုတော်နဲ့ ဒါရိုက်တာ ထျန်ခေးက အလုပ်နဲ့ဝါသနာ ထပ်တူကျဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။

" ဝါသနာဆိုတာကတော့ စိတ်ထဲမှာဖြစ်တည်လာတဲ့ ဖြစ်ချင်တဲ့ လုပ်ချင်တဲ့အရာပါ။ အလုပ်ဆိုက အလုပ်နဲ့ ဝါသနာ ထပ်တူကျဖို့ဆိုတာ မလွယ်ဘူးလေ။ အလုပ်ကလည်း လုပ်နေတယ်။ အလုပ် ဆိုတာကတော့ ဝန်ဆောင်မှုတစ်ခုပေါ့။ ဝန်ဆောင်မှုတစ်ခု ဖြစ်တဲ့အတွက် သူများဆီက ပိုက်ဆံယူတယ်။ အဲ့တော့ အဲဒီအလုပ်ကိုရအောင် ကိုယ်က သူတို့ စိတ်ကျေနပ်အောင် လုပ်ပေးရတယ်။ ဝါသနာကကျတော့ သူများစိတ်ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ ၊ကိုယ့်ဝါသနာအရ ကိုယ်လုပ်တာပါ ” လို့အဆိုတော် ဒါရိုက်တာ ထျန်ခေးကပြောပါတယ်။

ဝါသနာအရ သီချင်းတွေ သီဆိုရင်း ဒါရိုက်တာတစ်ဦးအဖြစ်ရပ်တည်နေတဲ့ အဆိုတော် ဒါရိုက်တာ ထျန်းခေးကို လတ်တလောမှာ တေးသံရှင် ဟန်ထူးဈာန် ရဲ့ MTV အခွေမှာ ဒါရိုက်တာအဖြစ် သီချင်း ၂ ပုဒ် ပါဝင်ရိုက်ကူးထားပါတယ် ။ လတ်တလောမှာ သီချင်းအသစ်တွေထွက်ဖို့ ကြိုးစားနေတယ်လို့ ထျန်ခေးက ပြောပါတယ်။

သူ့ရဲ့ပထမဆုံးအခွေအဖြစ် "ဒုတိယအနမ်း ဒုတိယအလွမ်း" ဆိုတဲ့ အခွေကို ဖြန့်ချိခဲ့ပြီး ဖြစ်ပါတယ်။

ထျန်ခေးဟာ ငယ်ငယ်လေးကတည်းက သီချင်းတွေကို ဝါသနာအရ သီဆိုခဲ့ပြီး သီချင်းတွေနဲ့ပဲ ဘဝကို ရပ်တည်သွားမယ်လို့ ဆိုပါတယ်။ သူဟာ သီချင်းတွေကို စိတ်ခံစားမှုနဲ့ သီဆိုလေ့ရှိပြီး ဒါရိုက်တာအနေနဲ့လည်း ကြိုးစားထားတာတွေရှိတာကြောင့် ပရိသတ်တွေအနေနဲ့ သူ့ရဲ့ ကြိုးစားမှုတွေကို ကြိုက်နှစ်သက်မယ် ထင်မယ်လို့လည်း ပြောပါတယ်။

ထျန်ခေးအနေနဲ့ နောက်ပိုင်းမှာ ပျော်စရာကောင်းတဲ့သီချင်းတွေနဲ့ ပရိသတ်ကိုချပြသွားဖို့ စီစဉ်နေပြီး နားထောင်သူတွေကို လန်းဆန်းမှုတွေ၊ ပျော်ရွှင်မှုတွေ ပေးချင်ပါတယ်လို့လည်း အဆိုတော် ဒါရိုက်တာ ထျန်ခေးက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly