ဓာတ်လိုက်သေဆုံးတဲ့ကလေးငယ်ရဲ့ မိဘများကို ယုန်လေးနဲ့ မြင့်မြတ် ငွေ ၁၀ သိန်းကူညီမည်

ဓာတ်လိုက်သေဆုံးတဲ့ကလေးငယ်ရဲ့ မိဘများကို ယုန်လေးနဲ့ မြင့်မြတ် ငွေ ၁၀ သိန်းကူညီမည်

 

ဇူလိုင် ၁၆ ။                     ။ မကြာသေးခင်က တောင်ဥက္ကလာပမှာ ဓာတ်လိုက်သေဆုံးသွားခဲ့တဲ့ ကလေးငယ်ရဲ့ မိဘတွေကို အဆိုတော်ယုန်လေးနဲ့ သရုပ်ဆောင် မြင့်မြတ်တို့က  ဇူလိုင်လ ၁၆ ရက် ညနေပိုင်းမှာ နေအိမ်သွားရောက်ပြီး ငွေ ၁၀ သိန်းကူညီမယ်လို့ သိရပါတယ်။

အဆိုတော် ယုန်လေးက “ ဒီသတင်းလေးကို တကယ်စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်တို့ နှစ်ယောက် သားလေးရဲ့မိဘတွေကို တတ်နိုင်သလောက် ၁၀သိန်း ကူချင်ပါတယ် ။ ရူတင်ပြီးတာနဲ့ နှစ်ယောက်လုံး အိမ်တိုင်ယာရောက်သွားအားပေးမှာပါ။ နေရပ်လိပ်စာလေး သိမဲ့သူလေး အလင်းပြပေးပါ ” လို့ လူမှုကွန်ရက်မှာရေးသားထားပါတယ်။

မဇ္ဈိမက ယုန်လေးကို ဆက်သွယ်မေးမြန်းရာမှာတော့ သူနဲ့မြင့်မြတ်တို့ အဲဒီနေအိမ်ကို သွားလှူဒါန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ အသက် ၁၃ နှစ်အရွယ်၊ ၈ တန်းကျောင်းသား မောင်မျိုးမင်းထွန်းက ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်းကျူရှင်နားချိန်တွင် အပြင်ခဏ ထွက်သွားရာမှ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းပေါ် ရေဝပ်နေရာပေါ်တွင် ဖြတ်သန်းသွားလာစဉ် ပြတ်ကျနေသော ဓာတ်ကြိုးကို နင်းမိပြီးနောက် ရေထဲလဲကျခဲ့ရာမှ သေဆုံးခဲ့ရခြင်း ဖြစ်ပါတယ်။ သူ့ကို ဇူလိုင်လ ၁၅ ရက်က ရေဝေးသုသာန်မှာ မီးသဂြိုလ်ခဲ့ပါတယ်။

တောင်ဥက္ကလာပမြို့နယ် ၇ ရပ်ကွက်တွင်နေထိုင်တဲ့ သေဆုံးသူ မောင်မျိုးမင်းထွန်းတွင် မိသားစု ၈ ယောက် ရှိပြီး သူ့ရဲ့ ရက်လည်အထိ ကူညီမယ်လို့ EPC က ပြောထားပါတယ်။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly