လစာ ၆၀ ရာခိုင်နှုန်း လျှော့ယူမည်ဟု မက္ကဆီကိုရွေးကောက်ခံသမ္မတ ပြော

လစာ ၆၀ ရာခိုင်နှုန်း လျှော့ယူမည်ဟု မက္ကဆီကိုရွေးကောက်ခံသမ္မတ ပြော

ဇူလိုင် ၁၆ ။        ။ နိုင်ငံ့တာဝန်တွေ စတင် ထမ်းဆောင်တဲ့အချိန်ကျရင် လစာကို ၆၀ ရာခိုင်နှုန်းထိ လျှော့ယူသွားမှာဖြစ်ကြောင်း မက္ကဆီကို ရွေးကောက်ခံသမ္မတ အန်ဒရီစ် မန်နျူရယ် လိုပက်ဇ် အိုဘရာဒါက ပြောကြားလိုက်ပါတယ်။

သူ့လက်ထက်ကျရင် လက်ရှိ မက္ကဆီကိုသမ္မတ ရယူခံစားနေတဲ့ လစာနှုန်းထားရဲ့ တစ်ဝက်တောင် မရှိတဲ့ ပမာဏလောက်ပဲ ယူသွားမှာဖြစ်တယ်ဆိုပြီး အိုဘရာဒါက ဇူလိုင် ၁၆ ရက်က ကတိပြုပြောကြားလိုက်ပါတယ်။

ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အိုဘရာဒါကတော့ မက္ကဆီကိုသမ္မတအဖြစ် ၂၀၁၈ ဒီဇင်ဘာ ၁ ရက်မှာ တရားဝင် ကျမ်းကျိန်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် သူတာဝန်ယူချိန်မှာ နိုင်ငံမှာ အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်သွားမှာဖြစ်ပြီး အစိုးရအဖွဲ့တွင်း မလိုအပ်တဲ့ အသုံးစရိတ်တွေကို လျှော့ချသွားမှာဖြစ်တယ်လို့ ကတိပြုထားသူလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly