ရင်သားကင်ဆာ – အရိုးပျံ့နှံ့မှု

ရင်သားကင်ဆာ – အရိုးပျံ့နှံ့မှု

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

တစ်ခါတလေမှာ ရင်သားထဲက ကင်ဆာဆဲလ်တွေဟာ အနီးအနားမှာ ရှိတဲ့ တစ်ရှူးတွေနဲ့ အခြားအင်္ဂါတွေထဲကိုပါ နက်ရှိုင်းစွာ ဝင်ရောက်နိုင်ပြီး ကင်ဆာပြန့်ပွားမှုကိုဖြစ်စေနိုင်ပါတယ် (ဥပမာ – အရိုးကင်ဆာ)။ ဒါပေမယ့် ကျောရိုးမ၊ တင်ပါးဆုံနဲ့ ပေါင်တို့ကတော့ ကင်ဆာပြန့်ပွားဖို့ ပိုမို လွယ်ကူတဲ့ အရိုးတွေ ဖြစ်ပါတယ်။

အရိုးကို ကင်ဆာပြန့်ပွားတဲ့လူတွေဟာ ဘာရောဂါမှ မပြတတ်ပါဘူး။ ဒါပေမယ့် လက္ခဏာ ပြခဲ့ပြီဆိုလဲ အောက်ပါလက္ခဏာတွေပဲ ဖြစ်တတ်ပါတယ်။

  •     အရိုးနာခြင်း
  •     အရိုးကျိုးခြင်း
  •     ဆီး၊ ဝမ်း မထိန်းနိုင်ခြင်း
  •     ခြေထောက်၊ လက် အားနည်းခြင်း
  • ပျို့အန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ စိတ်ရှုပ်ခြင်း

    (သွေးအတွင်း ကယ်လ်စီယမ် ပမာဏ များခြင်းကြောင့်)

အထက်ဖေါ်ပြပါ သတိပေးလက္ခဏာတွေ ဖြစ်လာပြီဆိုရင် ကျန်းမာရေးကုသမှု အမြန်ဆုံးယူသင့်ပါတယ်။ အထူးသဖြင့် အရင်က ရင်သားကင်ဆာ ခံစားခဲ့ဖူးသူဆိုရင် ပိုအရေးကြီးပါတယ်။

သိပ္ပံပညာရှင်တွေက အရိုးကို ကင်ဆာဆဲလ် ပြန့်ပွားခြင်းတွေဟာ အရိုးထိ ပြန့်သွားပြီး ပွားတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် ဘာကြောင့် ပြန့်လဲဆိုတော့ ပြတ်ပြတ်သားသား ရှင်းလင်းချက် မရှိပါဘူး။ ကင်ဆာ အတော်များများဟာ အရိုးကို ပြန့်နိုင်ပါတယ်။ ရင်သားကင်ဆာဟာ အဲဒီ့ထဲက ရောဂါတစ်မျိုးသာဖြစ်ပါတယ်။ အခြား အရိုးကို ပြန့်နိုင်တဲ့ ရောဂါတွေကတော့ ကျောက်ကပ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ သိုင်းရွိုက် ကင်ဆာနဲ့ lymphoma တို့ပဲ ဖြစ်ပါတယ်။

ကင်ဆာ အရိုးကို ပြန့်ခြင်းကို အောက်ပါ စစ်ဆေးချက်တွေနဲ့ အတည်ပြုနိုင်ပါတယ်။

  •     X-ray
  •     Bone scan
  •     CT scan (ကွန်ပျူတာဓါတ်မှန်)
  •     MRI (သံလိုက်ဓါတ်မှန်)
  •     PET

အရိုးထိပြန့်တာ ဘယ်လောက်ဆိုးလဲပေါ်မူတည်ပြီး သင့်အတွက် အကောင်းဆုံးကုသမှုကို ဆရာဝန်က ပေးပါလိမ့်မယ်။

၁။ ဆေး

အရိုး ပြန်လည်အားဖြည့်ပေးတဲ့ ဆေးတွေဟာ အရိုးပါးရောဂါ အခြေအနေတွေအတွက် အသုံးပြုပါတယ်။ သူတု့ိဟာ အရိုးတွေကို သန်မာလာစေပြီး အကိုက်အခဲပျောက်ဆေးပေါ် မှီခိုနေတာတွေကို လျော့ကျစေမှာ ဖြစ်ပါတယ်။ အရိုးအားဖြည့် ဆေးတွေဟာ သောက်ဆေး (သို့) ထိုးဆေးတွေပဲဖြစ်ပါတယ်။ ထိုးဆေးတွေဟာ အာနိသင်ပိုများပေမယ့်   သောက်ဆေးတွေနည်းတူ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ အရိုးနာခြင်း၊ ကျောက်ကပ် ပြဿနာများနဲ့ မေးရိုးပျက်စီးခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ကင်ဆာ အရိုးကိုပြန့်ပွားခြင်းဟာ ရင်သားကင်ဆာက ကင်ဆာဆဲလ်တွေကြောင့် ဖြစ်တာမို့ ဆေးသွင်းကုသဖို့ လိုအပ်နိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေဟာ သောက်ဆေးတွေပေါ်မူတည်ပြီး ကွဲပြားမှု ရှိပါတယ်။ အကိုက်အခဲပျောက်ဆေးတွေကို ကုသမှုပြုစဉ်မှာ ဒဏ်ခံနိုင်အောင် ပေးထားလေ့ ရှိပါတယ်။

၂။ ခွဲစိတ်မှု

အချို့သူတွေမှာ အရိုးကို တည်ငြိမ်အောင်နဲ့ အရိုးကျိုးခြင်းက ကာကွယ်နိုင်ဖို့အတွက် ခွဲစိတ်မှုတွေ ပြုလုပ်နိုင်ပါတယ်။ အားနည်းနေတဲ့ အရိုးတွေကို plates, screws, bone cement  (စတီးပြား၊ စကူ)တွေနဲ့ ပြန်လည် သန်စွမ်းအောင် ပြုလုပ်နိုင်ပါတယ်။

အရိုးကို ကင်ဆာပြန့်ပွားခြင်းဟာ ကုသပျောက်ကင်းနိုင်ခြင်း မရှိပါဘူး။ သူ့နဲ့ သင့်လျော်တဲ့ ကုသမှုတွေသာ ရှိပါတယ်။ အရိုးပျက်စီးမှုတွေကို ပြန်ကောင်းအောင် လုပ်လို့မရပေမယ့် ကုသမှုတွေကတော့ နာကျင်မှုကို လျော့ကျစေပြီး သင့်ဘဝအတွက် အထောက်အကူပေးမှာ ဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly