ရင်သားအကျိတ် (သို့) ရင်သားနာကျင်ခြင်းက ရင်သားကင်ဆာလား

ရင်သားအကျိတ် (သို့) ရင်သားနာကျင်ခြင်းက ရင်သားကင်ဆာလား

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ရင်သားမှာ စူးရှနာကျင်ခြင်းဟာ ကြောက်စရာကောင်းပါတယ်။ ဒါဟာ သင့်မှာများ ပြင်းထန်တဲ့ ရောဂါတစ်ခုခု ဖြစ်နေလားဆိုတာကို စဉ်းစားမိစေမှာပါ။ ရင်သားအကျိတ်ဟာ အမျိုးသမီးတွေနဲ့ အမျိုးသားတွေ မှာတောင် ဆရာဝန်ဆီသွားပြဖို့ လှုံ့ဆော်ပေးတဲ့ အရာဖြစ်ပါတယ်။ ရင်သားကင်ဆာ အစပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာ မပြတတ်ပေမယ့် အချိန်မီ တွေ့ရှိခြင်းဟာ ရင်သားကင်ဆာရဲ့ အသက်ရှင်နေနိုင်စွမ်းကို ပြောင်းလဲပေးနိုင်ပါတယ်။

အောက်ဖေါ်ပြပါ အချက်တွေကတော့ ရောဂါလက္ခဏာတွေနဲ့ ရင်သားကင်ဆာ အမျိုးအစားတွေအကြောင်းပဲ ဖြစ်ပါတယ်။

နာကျင်မှုရဲ့ အကြောင်းရင်းများ

လူတွေဟာ နာကျင်မှုခံစားရပြီဆိုရင် တစ်ခုခုတော့ မှားနေပြီလို့ ထင်ကြသလိုပဲ အမျိုးသမီးတွေဟာ သူတို့ရဲ့ ရင်သားမှာ နာကျင်မှု ခံစားရမယ်ဆိုရင် ဒါကို အဆိုးဆုံး (ရင်သားကင်ဆာ)လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် ရင်သားနာကျင်မှုဟာ ရင်သားကင်ဆာရဲ့ ပထမဆုံးသတိထားမိလောက်တဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ အခြားအချက်တွေ အတော်များများကလည်း နာကျင်မှုကို ဖြစ်စေပါသေးတယ်။

ရင်သားနာကျင်မှုကို mastalgia လို့ ခေါ်ပြီး အောက်ပါ အချက်တွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။
• ရာသီလာခြင်းကြောင့် ဖြစ်တတ်တဲ့ ဟော်မုန်း ပြောင်းလဲမှုများ
• ကိုယ်ဝန်တားဆေး (သို့) သန္ဓေသားမရခြင်းကို ကုသတဲ့ ဆေးများ
• ကွက်တိ မဖြစ်သော ဘရာ
• ရင်သား အရည်ကျိတ်
• ကြီးမားသော ရင်သား (လည်ပင်း၊ ပုခုံး၊ ခါးနာခြင်းတွေနဲ့ တွဲဖက်ခံစားရတတ်ပါတယ်။)
• စိတ်ဖိစီးမှု

ရင်သားအကျိတ်များ

ရင်သားအကျိတ်တစ်ခုဟာ အမြဲတမ်း ကင်ဆာတော့ မဟုတ်ပါဘူး။ ဆယ်ကျော်သက်အရွယ်မှာ ဟော်မုန်းပြောင်းလဲမှုတွေက စလို့ အဆီတစ်ရှူးတွေ ပျက်စီးတဲ့အထိ ဖြစ်တတ်ပြီး အမျိုးသမီးတွေ အသက် ၂၀ ကနေ ၅၀ ကြားမှာ ဖြစ်တတ်တဲ့ ရင်သားအကျိတ်တွေရဲ့ ၉၀%ဟာ ကင်ဆာမဟုတ်ဘူးလို့ Mayo clinic က ဆိုပါတယ်။

ရင်သားအကျိတ်တွေဖြစ်ပွားတဲ့ အကြောင်းရင်းတွေကတော့
• ရင်သား ပိုးဝင်ခြင်း
• Fibrocystic breast disease
• Fibroadenoma (ကင်ဆာမဟုတ်သော အကျိတ်)
• Fat necrosis (တစ်ရှူးပျက်စီးခြင်း)
• တစ်ရှူးပျက်စီးခြင်း ရှိမယ်ဆိုရင် အကျိတ်ဟာ အသားစ မယူမချင်း ကင်ဆာနဲ့ ခွဲခြားနိုင်ခြင်း မရှိပါဘူး။ ရင်သားကင်ဆာ စစ်ဆေးမှုတွေကို နောက်ပိုင်းမှာ ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

ရင်သားကင်ဆာ လက္ခဏာများ

အကျိတ်နဲ့ နာကျင်မှုတွေဟာ ရင်သားကင်ဆာနဲ့ အများဆုံး ဆက်နွယ်နေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ရင်သားကင်ဆာရဲ့ အခြားလက္ခဏာ တွေကတော့
• နို့သီးခေါင်း အရည်ထွက်ခြင်း (သို့) နို့သီးခေါင်း အထဲဝင်ခြင်း
• ရင်သားတစ်ဖက် ကြီးလာခြင်း
• ရင်သားမျက်နှာပြင်ပေါ်မှာ ချိုင့်ဝင်ခြင်း
• အရေပြားမှာ “orange peel” texture ရှိခြင်း
• မိန်းမကိုယ် နာကျင်ခြင်း
• မရည်ရွယ်ပဲ ကိုယ်အလေးချိန်ကျဆင်းခြင်း
• ချိုင်းကြားမှာ ပြန်ရည်ကျိတ် ကြီးလာခြင်း
• ရင်သားမှာ မြင်နိုင်တဲ့ သွေးကြောတွေ ရှိခြင်း တို့ပဲ ဖြစ်ပါတယ်။
အထက်ဖေါ်ပြပါ အချက်တွေ ရှိပြီဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ရင်သားကင်ဆာ စစ်ဆေးမှုများ

ရင်သားနာကျင်မှုနဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ပြသမယ်ဆိုရင် လုပ်ဆောင်ရမယ့် စမ်းသပ်စစ်ဆေးမှုတွေ ရှိပါတယ်။
• Mammogram – ရင်သား X-ray ရိုက်ခြင်းဟာ ရိုးရိုး အကျိတ်နဲ့ ကင်ဆာကျိတ် ကို ခွဲခြားပေးနိုင်ပါတယ်
• Ultrasound – Ultrasound အသုံးပြုခြင်းဟာ တစ်ရှူးတွေရဲ့ ပုံရိပ်ကို ရရှိစေပါတယ်။
• MRI – အခြားစစ်ဆေးမှုတွေနဲ့ ပေါင်းစပ်ပြုလုပ်သင့်ပါတယ်။
• အသားစယူခြင်း – စစ်ဆေးဖို့ ရင်သားတစ်ရှူးကို ဖယ်ရှားခြင်း ဖြစ်ပါတယ်။

ရင်သားကင်ဆာ အမျိုးအစားများ

ရင်သားကင်ဆာ ကို နှစ်မျိုးခွဲခြားနိုင်ပါတယ်။
• Non-invasive – ကင်ဆာဟာ မူရင်းတစ်ရှူးကနေပြီး ပြန့်သွားခြင်း မရှိသေးပါဘူး။
• Invasive – ကင်ဆာဆဲလ်တွေဟာ ပတ်ပတ်လည်က တစ်ရှူးတွေကို ပြန့်သွားပြီ ဖြစ်ပါတယ်။

ရောဂါဖြစ်တဲ့ တစ်ရှူးတွေကလည်း ကင်ဆာအမျိုးအစားတွေကို သတ်မှတ်နိုင်ပါတယ်။
• Ductal carcinoma – ကင်ဆာဟာ နို့ပြွန်တွေရဲ့ နံရံမှာ ဖြစ်ပေါ်တာဖြစ်ပြီး သူဟာ အဖြစ်အများဆုံးဖြစ်ပါတယ်။
• Lobular carcinoma – ကင်ဆာဟာ နို့ဖြစ်ပေါ်တဲ့ ရင်သားရဲ့ lobules တွေ ထဲမှာ ဖြစ်ပေါ်တာ ဖြစ်ပါတယ်။
• Sarcoma – ကင်ဆာဟာ ရင်သားရဲ့ connective tissue တွေမှာ ဖြစ်ပေါ်တာဖြစ်ပါတယ်။

မျိုးရိုးဗီဇနဲ့ ဟော်မုန်းတွေဟာ ကင်ဆာ ဖွံ့ဖြိုးမှုကို သက်ရောက်မှု ရှိပါတယ်။
မျိုးရိုးဗီဇဆိုင်ရာ ကျွမ်းကျင်သူတွေဟာ မျိုးရိုးဗီဇနဲ့ ကင်ဆာဆဲလ်တွေ ဖွံ့ဖြိုးမှု ဘယ်လို ဆက်စပ်နေလဲဆိုတာ ရှာဖွေနေကြပြီး တစ်ခုကိုတောင် သက်သေပြနိုင်ပြီး ဖြစ်ပါတယ်။
• HER 2 – ကင်ဆာဆဲလ်တွေမှာ ရှိတဲ့ HER 2 ဟာ သူတို့ရဲ့ ဖွံ့ဖြိုးမှုကို တစ်ရှိန်ထိုး တက်စေနိုင်ပါတယ်။ HER2 ကို ပိတ်ပင်နိုင်တဲ့ ဆေးတွေ ရှိပါတယ်။
• Estrogen receptor positive – ဒီကင်ဆာဟာ estrogen ကို တုန့်ပြန်နိုင်ပါတယ်။
• Progesterone receptor positive – ဒီကင်ဆာဟာ progesterone ကို တုန့်ပြန်နိုင်ပါတယ်။
• Hormone receptor negative – ဟော်မုန်း receptor တွေ မပါဝင်ပါဘူး။

ကုသမှု
အမျိုးအစားနဲ့ ကင်ဆာအဆင့်တွေပေါ်မူတည်ပြီးတော့ ကုသမှုတွေဟာ ကွဲပြားခြားနားနိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်နဲ့ကျွမ်းကျင်သူတွေဟာ ကင်ဆာရောဂါကိုကုသဖို့ အောက်ပါနည်းတွေကို အသုံးပြုနိုင်ပါတယ်။
• Lumpectomy – ရင်သားကို မထိခိုက်ပဲ အကျိတ်ထုတ်ခြင်း
• Mastectomy – အကျိတ်ရော connective tissue ရောပါဝင်တဲ့ breast tissue အကုန်ကို ခွဲထုတ်ခြင်း
• Chemotherapy – ဒါဟာ အသုံးအများဆုံး ကင်ဆာကုသမှု တစ်ခုဖြစ်ပြီး ကင်ဆာဆေးတွေဟာ ကင်ဆာဆဲလ်တွေ ပွားနှုန်းကို တားမြစ်ပါတယ်။
• ဓါတ်ရောင်ခြည် – သူဟာ ကင်ဆာကို တိုက်ဖျက်ဖို့ X-rays တွေကို အသုံးပြုပါတယ်။
• ဟော်မုန်းနဲ့ ပစ်မှတ်ထားကုသမှု – မျိုးရိုးဗီဇ (သို့) ဟော်မုန်းတွေဟာ ကင်ဆာကြီးထွားခြင်းမှာ အရေးပါရင် ဒီနည်းတွေကို သုံးကြပါတယ်။

ဘာကိုသတိရ ရမလဲ။

ဘယ်ကင်ဆာပဲဖြစ်ဖြစ် စောစီးစွာ သိရှိကုသနိုင်ခြင်းဟာ ရေရှည် ရလဒ်ကို ဆုံးဖြတ်တဲ့ အဓိက အချက်တစ်ခုဖြစ်ပါတယ်။ ရင်သားကင်ဆာဟာ လွယ်ကူစွာကုသနိုင်ပြီး စောစီးစွာ တွေ့ရှိရင် လုံးဝအမြစ်ပြတ်အောင် ကုသနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သင့်ရင်သားနာကျင်မှုဟာ ပြင်းထန်တယ်လို့ ထင်ရင် ဆရာဝန်နဲ့ ဒီနေ့ပဲ ပြသသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly