ပြင်သစ် vs ခရိုအေးရှား (ကမ္ဘာ့ဖလားဗိုလ်လုပွဲကြို အချက်အလက်)

ပြင်သစ် vs ခရိုအေးရှား (ကမ္ဘာ့ဖလားဗိုလ်လုပွဲကြို အချက်အလက်)
Photos: AFP, EPA

အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ရဖွယ်ရှိတဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲ

ပွဲစဉ် - ပြင်သစ် vs ခရိုအေးရှား (ဗိုလ်လုပွဲ)
ပွဲချိန် - ဇူလိုင် ၁၅ ရက်၊ တနင်္ဂနွေနေ့၊ ည ၉း၃၀ နာရီ (မြန်မာစံတော်ချိန်)
နေရာ - Luzhniki Stadium, Moscow, Russia

ပြင်သစ်နဲ့ ခရိုအေးရှားအသင်းတို့ ကစားမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွကြီးကို ဒီနေ့ည (၉း၃၀) နာရီမှာ ကြည့်ရှုခံစားရတော့မှာဖြစ်ပါတယ်။ ပြင်သစ်အသင်းဟာ ပြိုင်ပွဲတစ်လျှောက်မှာ ရှုံးပွဲလုံးဝမရှိခဲ့သလို ခရိုအေးရှားအသင်းကလည်း ရှုံးပွဲမရှိသေးတဲ့ အသင်းဖြစ်ပါတယ်။ ဗိုလ်လုပွဲစဉ်ဖြစ်တာနဲ့အညီ နှစ်သင်းလုံး အကောင်းဆုံးပုံစံ ပြင်ဆင်လာကြမှာပါ။ ခရိုအေးရှားက ခံစစ်၊ ကွင်းလယ်၊ တိုက်စစ်ပိုင်း အတည်ငြိမ်ဆုံးရှိနေခဲ့ပြီး ပြင်သစ်ရဲ့ စုဖွဲ့မှုကလည်း အကောင်းဆုံးပုံစံရှိနေပါတယ်။ နှစ်သင်းလုံးက ကစားသမားကောင်း ကိုယ်စီပိုင်ဆိုင်ထားလို့ အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ရဖွယ်ရှိပါတယ်။

ပွဲကြိုအချက်အလက်

ထိပ်တိုက်တွေ့ဆုံမှု

ပြင်သစ် ဝ-၀ ခရိုအေးရှား (ခြေစမ်းပွဲ)
ခရိုအေးရှား ၂-၂ ပြင်သစ် (၂၀၀၄ ဥရောပဖလားအုပ်စုပွဲ)
ခရိုအေးရှား ဝ-၂ ပြင်သစ် (ခြေစမ်းပွဲ)

ပြင်သစ်အသင်းဟာ ခရိုအေးရှားအသင်းနဲ့ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ ရှုံးနိမ့်ထားခြင်းမရှိဘဲ ၃ ကြိမ် (၁၉၉၈၊ ၁၉၉၉၊ ၂၀၀၀) အနိုင်ရရှိထားကာ ၂ ပွဲသရေ (၂၀၀၄၊ ၂၀၁၁)မှာ သရေကျထားပါတယ်။

ပြင်သစ်နဲ့ ခရိုအေးရှားအသင်းတို့ရဲ့ သတင်း

ပြင်သစ်ကွင်းလယ်လူ မက်တူဒီဟာ ဘယ်လ်ဂျီယံနဲ့ပွဲက ဟာဇက်နဲ့ ထိတိုက်ခဲ့ပေမယ့်လည်း ဗိုလ်လုပွဲစဉ်မှာ ပွဲထွက်လာဖို့ရှိပါတယ်။

ခရိုအေးရှားအသင်းမှာ “အသေးစားဒဏ်ရာ”ရရှိမှု တချို့ရှိတယ်လို့ နည်းပြ ဒါလစ်က ဝန်ခံပြောဆိုထားပါတယ်။

တောင်ပံကစားသမား အီဗန် ပါရီဆစ်ဟာ အင်္ဂလန်နဲ့ပွဲက ဒဏ်ရာကို ကုသနေပြီး သောကြာနေ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

အင်္ဂလန်နဲ့ပွဲက ခြေစွမ်းပြသခဲ့တဲ့ ဗဟိုနောက်ခံလူ မာဆယ်လို ဘိုဇိုဗစ်ကို ကွင်းလယ်အဖျက်မှာပဲ ကစားသွားဖွယ်ရှိပါတယ်။

ပြင်သစ်

ပြင်သစ်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ရလဒ်များ

ပြင်သစ် ၂-၁ သြစတြေးလျ (အုပ်စုပွဲ)
ပြင်သစ် ၁-၀ ပီရူး (အုပ်စုပွဲ)
ဒိန်းမတ် ဝ-၀ ပြင်သစ် (အုပ်စုပွဲ)
ပြင်သစ် ၄-၃ အာဂျင်တီးနား (၁၆သင်းအဆင့်)
ဥရုဂွေး ဝ-၂ ပြင်သစ် (ကွာတားဖိုင်နယ်)
ပြင်သစ် ၁-၀ ဘယ်လ်ဂျီယံ (ဆီမီးဖိုင်နယ်)

  • ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ၃ ကြိမ်နဲ့အထက် တက်ရောက်နိုင်ခဲ့တဲ့ ၆ သင်းမြောက်ဖြစ်ပါတယ်။ ဂျာမနီအသင်း ၈ ကြိမ်၊ ဘရာဇီးနဲ့ အီတလီ ၆ ကြိမ်စီ၊ အာဂျင်တီးနား ၅ ကြိမ်၊ နယ်သာလန် ၃ ကြိမ်တို့ဖြစ်ပါတယ်။
  • ဥရောပဖလား ဗိုလ်လုပွဲ ၃ ကြိမ်အပါအဝင် ဒီတစ်ကြိမ်ဗိုလ်လုပွဲဟာ ပြင်သစ်ရဲ့ ၆ ကြိမ်မြောက် ဗိုလ်လုပွဲလည်းဖြစ်ပါတယ်။ ဒီအသင်းဟာ ပြီးခဲ့တဲ့ဗိုလ်လုပွဲ ၅ ကြိမ်မှာ ၃ ကြိမ်အနိုင်ရရှိခဲ့ပါတယ်။
  • ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွေမှာ ပြင်သစ်အသင်းရဲ့ သွင်းဂိုး ၄ ဂိုးမှာ ၃ ဂိုးဟာ set-pieces (ထောင့်ကန်ဘောမှ ၂ ဂိုး၊ ပင်နယ်တီမှ ၁ ဂိုး) တွေကနေ ဂိုးရရှိခဲ့တာဖြစ်ပါတယ်။
  • ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းရဲ့ ဂိုးသွင်းသူ ၅ ဦးမှာ ၃ ဦးဟာ နောက်ခံလူတွေဖြစ်ပါတယ်။ (ပါဗက်၊ ဗာရာနီ၊ အမ်တီတီ)
  • ၁၉၉၈ ကမ္ဘာ့ဖလားမှာ နောက်ဆုံးဗိုလ်စွဲချိန်က ပြိုင်ပွဲတစ်လျှောက်မှာ ပြင်သစ်နောက်ခံလူ ၃ ဦးက ဂိုးသွင်းယူခဲ့တယ်။
  • ပြင်သစ်နည်းပြ ဒက်ချမ့်စ်ဟာ ကစားသမားတစ်ဦးအနေနဲ့ရော နည်းပြတစ်ဦးအနေနဲ့ပါ ကမ္ဘာ့ဖလားကိုင်မြောက်နိုင်တဲ့ ၃ ဦးမြောက်ဖြစ်လာဖို့ ပစ်မှတ်ထားနေပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူရဲ့ နိုင်ပွဲရရှိမှုက ၇၃ ရာခိုင်နှုန်းထိ ရှိပါတယ်။ (၁၁ ပွဲမှာ ၈ ပွဲနိုင်)
  • အမ်ဘတ်ပီဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂိုးသွင်းတဲ့ လူငယ်ကစားသမားတစ်ဦးအဖြစ် ပီလီပြီးနောက် ဒုတိယမြောက်ကစားသမားဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ သူဟာ ဒီကမ္ဘာ့ဖလားပွဲမှာ ၃ ဂိုး သွင်းယူထားပြီး ၁၉၅၈ ကမ္ဘာ့ဖလားတုန်းက ဘရာဇီးအတွက် ပီလီသွင်းယူတဲ့ ၆ ဂိုးနောက်ပိုင်း ဂိုးအများဆုံးသွင်းတဲ့ ပထမဆုံးလူငယ်ကစားသမားဖြစ်ပါတယ်။
  • ဂရစ်ဇ်မန်းဟာ ကမ္ဘာ့ဖလားနဲ့ ဥရောပဖလားပြိုင်ပွဲတွေမှာ ရှုံးထွက် ၉ ပွဲမှာ ၁၁ ဂိုးမှာ ဂိုးသွင်း (သို့) ဖန်တီးထားပါတယ်။ ဒါက ပြီးခဲ့တဲ့ နှစ် ၅၀ အတွင်း ဘယ်ပြင်သစ်ကစားသမားကမှ ပြုလုပ်နိုင်ခဲ့ခြင်း မရှိပါဘူး။ (ဇီဒန်း (၈)၊ ပလာတီနီ (၆))

ခရိုအေးရှား

ခရိုအေးရှားအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ရလဒ်များ

ခရိုအေးရှား ၂-၀ နိုင်ဂျီးရီးယား (အုပ်စုပွဲ)
အာဂျင်တီးနား ဝ-၃ ခရိုအေးရှား (အုပ်စုပွဲ)
အိုက်စလန် ၁-၂ ခရိုအေးရှား (အုပ်စုပွဲ)
ခရိုအေးရှား ၁-၁ ဒိန်းမတ် (၁၆သင်းရှုံးထွက်) (ပင်နယ်တီမှာ ခရိုအေးရှား အနိုင်ရ)
ရုရှား ၂-၂ ခရိုအေးရှား (ကွာတားဖိုင်နယ်) (ပင်နယ်တီမှာ ခရိုအေးရှား အနိုင်ရ)
ခရိုအေးရှား ၁-၁ အင်္ဂလန် (ဆီမီးဖိုင်နယ်) (အချိန်ပိုမှာ ၂-၁ ရလဒ်ဖြင့် ခရိုအေးရှား အနိုင်ရ)

  • ခရိုအေးရှားအသင်းဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်နိုင်တဲ့ အသင်းဖြစ်ပြီး ဒါက မတူညီတဲ့ ၁၃ နိုင်ငံမြောက်အသင်းနဲ့ ၁၀ နိုင်ငံမြောက် ဥရောပအသင်းလည်းဖြစ်ပါတယ်။
  • ပြီးခဲ့တဲ့ ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်ရောက်ခဲ့တဲ့ နှစ်သင်းလုံးဟာ ကမ္ဘာ့ဖလားကို ကိုင်မြောက်ခဲ့ပါတယ်။ (၁၉၉၈ မှာ ပြင်သစ်၊ ၂၀၁၀ မှာ စပိန်)
  • လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းဟာ ၁၂ ဂိုး သွင်းပြီး ကိုယ့်ဂိုးကို သွင်းဂိုးအပါအဝင် မတူညီတဲ့ ကစားသမား ၈ ဦးက သွင်းယူထားတာပါ။ ဒီသွင်းဂိုးအရေအတွက်က ဘယ်လ်ဂျီယံအသင်းရဲ့ မတူညီတဲ့ ကစားသမား ၉ ဦးရဲ့ သွင်းဂိုး ၁၄ ဂိုးပြီးနောက် အမြင့်ဆုံး ဂိုးသွင်းနှုန်းဖြစ်ပါတယ်။
  • ခရိုအေးရှားအသင်းဟာ ဂျပန်အသင်းကို ဂိုးမရှိ သရေကျတဲ့ ၂၀၀၆ ကမ္ဘာ့ဖလားနောက်ပိုင်း ကမ္ဘာ့ဖလားပွဲစဉ် နောက်ဆုံး ၁၀ ပွဲမှာ ဂိုးသွင်းယူခဲ့ပါတယ်။
  • ရုရှားကမ္ဘာ့ဖလားမှာ ခရိုအေးရှားအသင်းရဲ့ ပေးဂိုး ၅ ဂိုးမှာ ၄ ဂိုးဟာ set-pieces တွေကနေ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ဒီ ၄ ဂိုးက ပင်နယ်တီ တစ်ဂိုး၊ လက်ပစ်ဘော တစ်ဂိုး၊ direct ပြစ်ဒဏ်ဘောနဲ့ indirect ပြစ်ဒဏ်ဘောတွေဆီက တစ်ဂိုးစီဖြစ်ပါတယ်။
  • ခရိုအေးရှားဟာ ဒီကမ္ဘာ့ဖလားမှာ ၉၉ ကြိမ် ပြစ်ဒဏ်ကျူးလွန်းထားပြီး တစ်ခြားအသင်းတွေထက် ပိုပြီး အဝါကဒ် ၁၄ ကြိမ်ပြသခံရတဲ့ အသင်းပါ။
  • အီဗန် ပါရီဆစ်ဟာ ဒီပြိုင်ပွဲမှာ အသင်းရဲ့ သွင်းဂိုး ၁၀ ဂိုးမှာ (၆ ဂိုးနဲ့ ၄ ကြိမ်ဖန်တီး) ပါဝင်ပတ်သက်နေပါတယ်။ 
  • လူကာ မိုဒရစ်ဟာ ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ အခွင့်အရေး ၁၆ ကြိမ် ဖန်တီးခဲ့ပြီး ဒါက အသင်းဖော်တွေထဲက ကစားသမားတွေထက်၂ ဆ ဖန်တီးမှုဖြစ်ပါတယ်။

ဖြစ်နိုင်ဖွယ် ပွဲထွက်ကစားသမားများ

နိုင်ခြေရာခိုင်နှုန်း

ပြင်သစ်နိုင် – ၄၉ ရာခိုင်နှုန်း
သရေ   – ၃၀ ရာခိုင်နှုန်း
ခရိုအေးရှားနိုင် – ၂၁ ရာခိုင်နှုန်း

ခန့်မှန်းချက်များ

မာ့ခ်လော်ရန်ဆန် (BBC) ပြင်သစ် ၂-ဝ  ခရိုအေးရှား
ပေါလ်မာဆွန် (SkySports) ပြင်သစ် ၂-၁ ခရိုအေးရှား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly