ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့တွင် ကျင်းပနေတဲ့ Ayutthaya Asian Youth Football Festival 2018 ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပထမပွဲစဉ်မှာ ရန်ကုန်ဘောလုံးအကယ်ဒမီ လက်ရွေးစင် ယူ-၁၃ အသင်းက ထိုင်းအခြေစိုက်အသင်းဖြစ်တဲ့ နာရာယူနိုက်တက်အသင်းကို ၈ - ၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး ဗိုလ်လုပွဲတက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။
ရန်ကုန်အကယ်ဒမီ ယူ-၁၃ အတွက် ဂိုးများကို ကောင်းခန့်လွင် (၂)ဂိုး၊ ကောင်းဇေယျာလင်း၊ မောင်တော့၊ ဟန်မျိုးဇင် ၊သက်ပိုင်ထွဋ်၊ ကောင်းသန့်နှင့် စနေတိုးတို့က တစ်ဂိုးစီအသီးသီးသွင်းယူခဲ့ကြတာပါ။
Ayutthaya Asian Youth Football Festival 2018 ရဲ့ ဗိုလ်လုပွဲကို ဇူလိုင်လ ၁၆ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
ရန်ကုန်အကယ်ဒမီ ယူ-၁၃ အသင်းဟာ ဗိုလ်လုပွဲစဉ်အဖြစ် အိမ်ရှင် အယုဒ္ဓယယူနိုက်နှင့် ပီတီတီအကယ်ဒမီအသင်းတို့မှ အနိုင်ရတဲ့ အသင်းနှင့် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Ref; MFF