အီကွေဒေါမှာ ကြီးမားတဲ့ နှင်းဆီ ပိရမစ်ကြီးကို ဖန်တီးပြီး ဂင်းနစ်စံချိန်တင်နိုင်ရန် ကြိုးပမ်း

အီကွေဒေါမှာ ကြီးမားတဲ့ နှင်းဆီ ပိရမစ်ကြီးကို ဖန်တီးပြီး ဂင်းနစ်စံချိန်တင်နိုင်ရန် ကြိုးပမ်း

ဇူလိုင် ၁၅ ။         ။ အီကွေဒေါနိုင်ငံမှာတော့ အရောင်အသွေးစုံ တောက်ပတဲ့ နှင်းဆီပွင့်ပေါင်း ၅၀၀,၀၀၀ ကျော်ကို အသုံးပြုပြီး ကြီးမားလှတဲ့ ပိရမစ်ကြီးတစ်ခုကို ဖန်တီးတည်ဆောက်ထားပါတယ်။

ယခုအခါမှာတော့ အဆိုပါ ကြီးမားတဲ့ နှင်းဆီ ပိရမစ်ကြီးကို ကမ္ဘာ့ ဂင်းနစ် စံချိန်မှတ်တမ်းဝင်နိုင်ဖို့အတွက် အီကွေဒေါ တာဝန်ရှိသူတွေ ကြိုးပမ်းနေကြပြီ ဖြစ်ပါတယ်။

မက္ကဆီကိုနဲ့ အီဂျစ်တို့မှာ ရှိကြတဲ့ ပိရမစ် အဆောက်အအုံတွေနဲ့မတူဘဲ ယခု အီကွေဒေါနိုင်ငံ Tabacundo မြို့ က ရင်ပြင်တစ်ခုမှာ တည်ဆောက်ထားတဲ့ နှင်းဆီပန်း ပရိမစ် ကြီးကတော့ ကမ္ဘာပေါ်မှာ ပန်းတွေနဲ့ချည်းပဲ ဖန်တီးပြုလုပ်ထားတဲ့ အကြီးမားဆုံးသော လူလုပ်အဆောက်အအုံဖွဲ့စည်းပုံတစ်ခု ဖြစ်လာမယ်လို့လည်း မျှော်လင့်ရပါတယ်။

လာမယ့် စနေနေ့ကျရင်တော့ ဂင်းနစ်စံချိန်မှတ်တမ်း တာဝန်ရှိသူတွေက ယင်း နှင်းဆီ ပိရမစ်ကြီးကို လာပြီး အကဲဖြတ်ကြည့်ရှုကြတော့မှာ ဖြစ်ပါတယ်။

ယခု အီကွေဒေါမှာ ဖန်တီးထားတဲ့ နှင်းဆီ ပိရမစ်ကြီးရဲ့ အရောင်အသွေးစုံ နှင်းဆီပန်းတွေထဲမှာတော့ နှင်းဆီအနီတွေ အများစု ပါဝင်ထားပြီး လှပခမ်းနားနေလျက်ရှိပါတယ်။

အီကွေဒေါနိုင်ငံက ပန်းအလှပညာရှင်တွေအနေနဲ့ ယင်းနှင်းဆီ ပိရမစ်ကို ဖန်တီးရာမှာတော့ ပန်းတွေကို နှစ်ပတ်အကြာထိ နေရောင်ဒဏ်ခံနိုင်အောင်လို့ အောက်ဘက်အတွင်းပိုင်းမှာ ရေပေးဝေမှု စနစ်တစ်ခုကိုပါ ထည့်သွင်းတည်ဆောက်ထားရတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly