အိုင်ဗရီကို့စ်တွင် ရေလွှမ်းမိုးမှု ဖြစ်၍ လူပေါင်းရာနှင့်ချီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

အိုင်ဗရီကို့စ်တွင် ရေလွှမ်းမိုးမှု ဖြစ်၍ လူပေါင်းရာနှင့်ချီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

ဇူလိုင် ၁၅ ။           ။ အနောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အိုင်ဗရီကို့စ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ရေလွှမ်းမိုးမှုဖြစ်လို့ လူပေါင်း ရာနဲ့ချီ ဘေးလွတ်ရာကို အားချင်း ရွှေ့ပြောင်းခဲ့ကြရတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

နိုင်ငံ အရှေ့တောင်ပိုင်းက Aboisso မြို့မှာ ရုတ်တရက် ရေကြီးမှုကြောင့် မြို့နေ မိသားစုပေါင်း ၂၀၀ ထက်မနည်း စာသင်ကျောင်းတွေဆီ သွားရောက် ခိုလှုံနေကြရတယ်လို့ သိရပါတယ်။

“ ရေပေးနေတဲ့ ကုမ္ပဏီက ကျွန်မတို့ကို ပြီးခဲ့တဲ့ သုံးရက်လောက်တုန်းကတောင် သတိပေးခဲ့သေးတယ်၊ ဒါပေမယ့် ခုလောက်ထိ အခြေအနေ ဆိုးလိမ့်မယ်လို့လည်း မထင်ခဲ့မိဘူးလေ၊ ခုတော့ ကျွန်မတို့ရဲ့ ရေခဲသေတ္တာတွေ၊ ထိုင်ခုံ စားပွဲတွေထဲ ရေထဲ ပါသွားပြီလေ” ဆိုပြီး ယင်းမြို့မှာ စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးဖြစ်တဲ့ Salome Tanoh Adjoba က ပြောသွားပါတယ်။

“ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ ဒီက ကက်သလစ် ကျောင်းတစ်ခုမှာ မိသားစုတစ်ချို့ နေလို့ ရအောင် စီစဉ်ပေးခဲ့ရတယ်၊ နောက်နေ့ကျပြန်တော့ အခြား မိသားစု ၁၀၀ ယောက်ကို ဒီက ကျောင်းတစ်ခုမှာ ထပ်နေလို့ရအောင် နေရာချပေးခဲ့ရပါတယ်၊ ဒီ မိသားစုတွေကတော့ ရေဘေးဒဏ်သင့်လို့ သူတို့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးလိုက်ရပါပြီ” ဆိုပြီး မြို့ရဲ့ တာဝန်ရှိသူတစ်ဦး ဖြစ်တဲ့ Jeremie N’Gouan က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly