ဇူလိုင် ၁၄ ၊ မုံရွာ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့တော်ခန်းမတွင် ဇူလိုင်လ ၁၄ ရက်က ခေတ်မှီသင်ကြားရေးနည်းစနစ်များဝေမျှပွဲ ကျင်းပခဲ့သည်။
မုံရွာမြို့ သင်ကြာရေးနယ်ပယ်ရှိ ဆရာ၊ဆရာမကြီးများကို အရည်အသွေးမြင့် ပညာရေးဖြစ်ဖို့ ရည်ရွယ်၍ နိုင်ငံတကာတွင် လက်ရှိအသုံးပြုနေသော ခေတ်မှီသင်ကြားရေးနည်းစနစ်ဖြစ်သည့် Modern Teaching Techniques များကို မျှဝေခဲ့ကြောင်း သိရသည်။
" Modern Teaching Techniques ဆိုတဲ့အတိုင်း ဆရာ၊ဆရာမတွေကို အဓိက Target ထားတယ် ။ မြန်မာနိုင်ငံက ဆရာ၊ ဆရာမတွေသည် အရမ်းအလုပ်လုပ်ရတယ်။ အဲ့လိုလုပ်ရတဲ့အတွက် တခါတလေ သူတို့ ပုံမှန်လုပ်နေကြထဲမှာပဲ ပိတ်မိနေတာမျိုးတွေ ဖြစ်တတ်တယ်။ ဒါကြောင့် ကျွန်တော်အနေနဲ့ ဆရာ၊ ဆရာမ တွေကို ကူညီချင်တဲ့အတွက်ရယ် ကျွန်တော်သင်ယူခဲ့တဲ့ သင်ကြားရေး နည်းစနစ်တွေကို ပြန်လည် မျှဝေချင်တဲ့အတွက် ဒီပွဲကျင်းပြုရတာပါ " ဟု ဒေါက်တာ ဖြိုးပိုင်က ပြောသည်။
သင်ကြားရေးအနစ်မျှဝေပွဲကို မုံရွာမြို့အတွင်းရှိ အစိုးရအခြေခံပညာရေးကျောင်းများမှ ဆရာ၊ဆရာမများ ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ခေတ်မီသင်ကြားရေးနည်းစနစ်ဝေမျှပွဲကို မုံရွာမြို့တွင် ပထမဆုံးအကြိမ်ကျင်းပခြင်း ဖြစ်ပြီး Nan Lu Garment ကုမ္ပဏီနှင့် TMI Monywa တို့မှ ပူးပေါင်းပြုလုပ်တာဖြစ်ကြောင်း သိရသည်။