ရွှေကြယ်စင်ယာဉ်လိုင်းအသင်းမှ အာဇာနည်နေ့တွင် အခမဲ့ပြေးဆွဲပေးသွားမည်

ရွှေကြယ်စင်ယာဉ်လိုင်းအသင်းမှ အာဇာနည်နေ့တွင် အခမဲ့ပြေးဆွဲပေးသွားမည်

မန္တလေး၊ ဇူလိုင်လ ၁၄ ။                    ။ ၇၁ နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် သီရိမန္တလာကားကြီးကွင်းအခြေစိုက် ရွှေကြယ်စင် ယာဉ်လိုင်းအသင်းမှ အာဇာနည်နေ့တွင် အခမဲ့ပြေးဆွဲပေးသွားမည်ဟု ၎င်းယာဉ်အသင်း ဥက္ကဋ္ဌ ဦးစိန်သောင်းက ပြောသည်။

ထိုသို့ အာဇာနည်နေ့တွင် အဆိုပါယာဉ်လိုင်းမှ အခမဲ့ပြေးဆွဲခဲ့သည်မှာ ၂၀၁၈ ခုနှစ်အပါအဝင်  ၄ နှစ် ရှိနေပြီ ဖြစ်သည်။

"ကျွန်တော်တို့ရဲ့အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပြေးဆွဲပေးတာဖြစ်သလို ခရီးသွား ပြည်သူတွေလည်း အာဇာနည်နေ့ဆိုတာ နေ့ထူးနေ့မြတ်အဖြစ် သိရှိအောင် အခမဲ့ ပြေးဆွဲပေးတာပါ။ အခမဲ့ ပြေးဆွဲပေးတာဆိုရင် ဒီနှစ်ရောဆို ၄ နှစ် ဆက်တိုက်ပါ။"ဟု ၎င်းက ပြောသည်။

အဆိုပါအသင်းမှ ပုံမှန်ပြေးဆွဲနေသည့် ခရီးစည်များဖြစ်သည့် မန္တလး-ရွှေဘို-ကာဘိုး-ဇီးကုန်းခရီးစဉ်၊မန္တလေး-ကန့်ဘလူ-ကျွန်းလှခရီးစဉ်နှင့် မန္တလေး-ရေဦး-တန့်ဆည်ခရီးစဉ်တို့ကို ယာဉ်အစီးပေါင်း ၂၀ ဖြင့် အခမဲ့ ပြေးဆွဲပေးသွားမည် ဖြစ်သည်။

"အခမဲ့ပြေးဆွဲပေးရာမှာ တစ်နေ့တာ လိုအပ်သမျှ စက်သုံးဆီကို ရွှေကြယ်စင် စက်သုံးဆီရောင်းဝယ်ရေးက လှူဒါန်းပြီး ယာဉ်ပိုင်ရှင်၊ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကလည်း သူတို့လုပ်အားကို လှူဒါန်းကြတာပါ " ဟု ဦးစိန်သောင်းက ပြောသည်။

ထိုသို့ အခဲ့မဲ့ပြေးဆွဲရာသို့ ခရီးသည်များအနေဖြင့် လိုက်ပါစီးနင်းကြရန် ယာဉ်လိုင်းမှ ဖိတ်ခေါ်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly