ပြိုင်ပွဲမစခင်ကတည်းက ပရိသတ်စိတ်ဝင်စားခံနေရတဲ့ မန်ယူနိုက်တက် အမျိုးသမီးအသင်း

ပြိုင်ပွဲမစခင်ကတည်းက ပရိသတ်စိတ်ဝင်စားခံနေရတဲ့ မန်ယူနိုက်တက် အမျိုးသမီးအသင်း

 

ဇူလိုင် ၁၄၊ မန်ချက်စတာ။                 ။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၁၈-၁၉ ဘောလုံးရာသီအတွက် သူတို့ရဲ့ အမျိုးသမီးအသင်းလူစာရင်းကို ထုတ်ပြန် လိုက်ပါတယ်။

ငယ်ရွယ်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့အသင်းကိုတော့ လီဗာပူးလ်နဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း ကေစီ စတုန်းနေးက နည်းပြအဖြစ် ကိုင်တွယ်မှာပါ။

စတုန်းနေးဟာ သူ့ရဲ့အသင်းဟောင်းထံက ကစားသမား ၇ ဦးကို ပြန်လည်ခေါ်ယူခဲ့ရာမှာ လက်ရှိ အင်္ဂလန်လက်ရွေးစင်တွေ ဖြစ်ကြတဲ့ အဲလက်စ် ဂရင်းဝုဒ်နဲ့ ဆီယိုဘန် ချမ်ဘာလိန်တို့လည်း ပါဝင်ပါတယ်။

စတုန်းနေဟာ ဖေဖော်ဝါရီမှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာလာပြီးနောက်မှာ ကစားသမား ၇ ဦးကိုလည်း မန်ယူနိုက်တက် အသင်းထံ တပါတည်း ခေါ်ယူလာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက ဂျူဗင်တပ်အသင်းထံမှာ တစ်ရာသီသွားရောက်ကစားခဲ့ပြီး စီးရီးအေဖလားရခဲ့တဲ့ ကွင်းလယ်ကစားသမား ကေတီ ဇယ်လမ်လည်း အသင်းမှာ ပါဝင်လာဦးမှာပါ။

အမျိုးသမီးအသင်းကို ပြန်လည်စုစည်းပြီး အက်ဖ်အေချန်ပီယံရှစ်ပြိုင်ပွဲမှာ ဝင်ပြိုင်မယ်လို့ ယူနိုက်တက်က အတည်ပြုပြီးနောက် ဒီအသင်းကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

“ကျွန်မတို့အသင်းက ငယ်ရွယ်သွားတယ်၊ စိတ်လှုပ်ရှားစရာကောင်းသွားတယ်၊ ပိုပြီးဖျော်ဖြေနိုင်သွားတယ်။ ကစားသမားသစ် ၂၁ ယောက်ဆိုပေမယ့် အသင်းနဲ့ အသင်းရဲ့အနာဂါတ်ကို တကယ်ပဲ စိတ်လှုပ်ရှားနေမိတယ်”လို့ နည်းပြ ကေစီက ဆိုခဲ့ပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly