စတုတ်စီးတီးမှ ရှာကွီရီကို ပေါင် ၁၃ သန်းဖြင့် လီဗာပူးလ်ခေါ်ယူ

စတုတ်စီးတီးမှ ရှာကွီရီကို ပေါင် ၁၃ သန်းဖြင့် လီဗာပူးလ်ခေါ်ယူ

 

ဇူလိုင် ၁၄၊ လီဗာပူးလ်။          ။ လီဗာပူးလ်အသင်းသည် စတုတ်စီးတီးအသင်းမှ ရှာကွီရီကို ပေါင် ၁၃ သန်းဖြင့် ခေါ်ယူလိုက်သည်။ ဆွစ်ဇာလန်ကွင်းလယ် ကစားသမားသည် တန်းဆင်းသွားရသည့် စတုတ်စီးတီးမှ လီဗာပူးလ်အသင်းထံ ၅ နှစ်စာချုပ်ဖြင့် ရောက်လာခြင်းဖြစ်သည်။

“ဒီကို ရောက်လာလို့ ပျော်ပါတယ်။ လီဗာပူးလ်ဟာ သမိုင်းအစဉ်အလာကြီးမားပြီး နည်းပြအပြင် နာမည်ကြီးကစားသမားတွေနဲ့ အသင်းကြီးတစ်သင်းပါ။ ဒါကြောင့် ဒီကိုရောက်လာရတာ တကယ့်ကို ဝမ်းလည်းသာတယ်၊ ပျော်လည်းပျော်တယ်။

အသင်းကြီးတစ်သင်းသင်းမှာကစားချင်တာက ကစားသမားတိုင်းရဲ့ ဆန္ဒပါ။ ပြီးခဲ့တဲ့နှစ်တွေကတည်းက အင်္ဂလန်ကို ကျွန်တော် ရောက်လာခဲ့ပေမယ့် အဲဒီဆန္ဒမပြည့်ဝခဲ့ပါဘူး။

နောက်ဆုံးမှာတော့ ဒီကိုရောက်နိုင်ခဲ့ပြီဖြစ်လို့ တကယ်ပျော်ပါတယ်။ ကျွန်တော်တိုးတက်ချင်တယ်၊ အကောင်းဆုံးဖြစ်ချင်တယ်၊ ဖလားတွေရချင်တယ်။ ဒါကြောင့်ပဲ လီဗာပူးလ်ကို ပြောင်းလာတာပါ” ဟု ရှာကွီရီက ပြောသည်။

အသက် ၂၆ နှစ်အရွယ်ကစားသမားသည် အင်တာမီလန်မှ ပရီးမီးယားလိဂ်သို့ စတင်ပြောင်းရွှေ့လာစဉ်က စတုတ်စီးတီးအသင်း တွင် သုံးနှစ်ကြာကစားခဲ့သည်။ စတုတ်စီးတီးအတွက် ၉၂ ပွဲကစားခဲ့ပြီး ၁၅ ဂိုးသွင်းပေးခဲ့သည်။

ဘေဆယ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတွင်လည်းကစားဖူးသည့် ရှာကွီရီသည် ဆွစ်ဇာလန်လက်ရွေးစင်အသင်းအတွက် ၇၄ ပွဲ ကစားပြီး ၂၁ ဂိုးသွင်းယူထားသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly