အင်္ဂလန်ပရိသတ်တွေရဲ့ မျှော်လင့်၊ ယုံကြည်မှုတွေကိုရရှိခဲ့လို့ ကျေနပ်နေတဲ့ ဆောက်ဂိတ်

အင်္ဂလန်ပရိသတ်တွေရဲ့ မျှော်လင့်၊ ယုံကြည်မှုတွေကိုရရှိခဲ့လို့ ကျေနပ်နေတဲ့ ဆောက်ဂိတ်

 

ဇူလိုင် ၁၄၊ မော်စကို။                    ။ ၂၀၁၈ ရုရှ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာ အင်္ဂလန်ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေကို အရင်ကထက် ပိုရရှိခဲ့လို့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ကျေနပ်နေပါတယ်။

အင်္ဂလန်အသင်းဟာ ၁၉၆၆ နောက်ပိုင်း ၅၂ နှစ်အတွင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲနဲ့ လက်တစ်ကမ်းအလိုကိုရောက်ခဲ့ပြီး ဆီမီးမှာ ခရိုအေးရှားကို အချိန်ပိုမှာ ရှုံးခဲ့ရပါတယ်။

ဆောက်ဂိတ်က “ပြိုင်ပွဲအစပိုင်းကာလတွေမှာတုန်းက အရမ်းကြီးမျှော်လင့်ထားမခံရလို့ ကျွန်တော်တို့ ဖိအားနည်းခဲ့ပါတယ်။ ဒါပေမဲ့ ဖိအားမရှိတာမျိုးတော့ မဟုတ်ပါဘူး။

အုပ်စုက ကျွတ်ဖို့၊ ရှုံးထွက်ပွဲကို အနိုင်ရဖို့၊ ပင်နယ်တီမှာ အနိုင်ရဖို့စတဲ့ ဖိအားတွေတော့ ရှိခဲ့တာပါပဲ။ ဒါပေမဲ့ ကစားသမားတွေ အကောင်းဆုံး ရင်ဆိုင်နိုင်ခဲ့ကြပါတယ်။

အခုအချိန်မှာတော့ ပရိသတ်တွေက ကျွန်တော်တို့ကို ပိုမျှော်လင့်လာကြပါပြီ။ ဒါပေမဲ့ အဲဒီအတွက် ဖိအားတော့မရှိပါဘူး။ ပိုမျှော်လင့်လာတယ်ဆိုတာ ပိုယုံကြည်လာတဲ့ သဘောပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သူနဲ့ ကစားသမားတွေရဲ့ကြားက ရင်းနှီးတဲ့ဆက်ဆံရေးကြောင့် သူတို့ကို မိသားစုဝင်တွေလို့တောင် ခံစားခဲ့ရကြောင်း လည်း ဆောက်ဂိတ်က ဆိုခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly