စကော့တလန်သို့ ခရီးစဉ် ထွက်လာသည့် ထရမ့်အား လူအင်အား နှစ်ထောင်ကျော် ဆန္ဒပြ

စကော့တလန်သို့ ခရီးစဉ် ထွက်လာသည့် ထရမ့်အား လူအင်အား နှစ်ထောင်ကျော် ဆန္ဒပြ

 

လန်ဒန်၊ ဇူလိုင် ၁၄ ။        ။ အမေရိကန်သမ္မတနှင့် ဇနီးဖြစ်သူတို့သည် ဗြိတိန်နိုင်ငံ ဝင်ဆာရဲတိုက်တွင် ဘုရင်မကြီး အယ်လိဇဘတ်နှင့် လက်ဖက်ရည်အတူ သောက်သုံးကြပြီးနောက် ဇူလိုင် ၁၃ ရက်တွင် စကော့တလန်သို့ ခရီးစဉ် ဦးတည်သည်။

ထိုသို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် လာရောက်မှုကို စကော့တလန်၊ ဂလက်ဂိုးမြို့တွင် လူအင်အား ၂၀၀၀ ကျော်ထက်မနည်းက စုရုံးကာ ဆန္ဒပြကြသည်။

အပြီးသတ်ပြီဖြစ်သော ထရမ့်၏ တရားဝင် လေးရက်တာ ဗြိတိန်ခရီးစဉ်တွင်လည်း ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်ခဲ့သည်။

တရားဝင် ခရီးစဉ်အပြီး ကိုယ်ပိုင်ခရီးစဉ်အဖြစ် သမ္မတနှင့် ဇနီးဖြစ်သူ မယ်လန်နီယာတို့က စကော့တလန်သို့ လာရောက်ခြင်းဖြစ်ကာ  ထရမ့်အနေဖြင့်  စကော့တလန်တွင်   ဂေါက်ရိုက်ကစားဖို့ရန်လည်း မျှော်လင့်ရသည်။

တော်ဝင်နန်းတော်ရာ ဝင်ဆာရဲတိုက်တွင် ထရမ့်နှင့် ဘုရင်မကြီးတို့က စစ်တပ်ချီရေးပြချီတက်မှုကိုလည်း ကြည့်ရှုခဲ့ကြသည်။

ယင်းနေ့ အစောပိုင်းက ထရမ့်သည် ဗြိတိန် ဝန်ကြီးချုပ် ထရီဆာမေနှင့်လည်း  တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မြဲမှုကို ပြသခဲ့သည်။

၂၀၁၉ မတ် ၂၉ တွင်  အသက်ဝင်မည့် အီးယူမှ ဗြိတိန် နုတ်ထွက်ပြီးချိန်တွင် အမေရိကန်-ဗြိတိန် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီမှုတစ်ရပ်ကို ထရမ့်က သဘောတူခဲ့ကြောင်း ထရီဆာမေက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags