ထိုုင်းသို့ VISA အတုုများဖြင့် ၀င်ရောက်မိသည့် မြန်မာနိုုင်ငံသား ၁၀၀ကျော် ဖမ်းဆီးခံရ

ထိုုင်းသို့ VISA အတုုများဖြင့် ၀င်ရောက်မိသည့် မြန်မာနိုုင်ငံသား ၁၀၀ကျော် ဖမ်းဆီးခံရ
ဗီဇာအတု

ဇူလိုင် ၁၄ ၊ မြဝတီ ။                           ။ ထိုင်းနိုင်ငံအတွင်း VISAအတုများဖြင့် ဝင်ရောက်လည်ပတ်မိသည့် မြန်မာနိုင်ငံသား ၁၀၀ကျော် ကို ဖမ်းဆီးအရေးယူခံရမှုများ ရှိနေသည်ဟု   မြန်မာအလုပ်သမားအရေးဆောင်ရွက်ပေးနေသည့် KTG အထွေထွေလူမှုကူညီရေးရုံးမှ ကိုသားကြီးက ပြောသည်။

”ဗီဇာအတုတွေဖြစ်နေတဲ့အတွက် ထိုင်းနိုင်ငံထဲကို အလည်ဗီဇာ(TR)နဲ့အလည်အပတ်လာတဲ့သူတွေ ဟာ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးမှာ လူကိုယ်တိုင်သွားပြီး ဗီဇာတုံး ထုဖို့လိုအပ်တယ်”ဟု ပြောသည်။

ထိုင်း မြန်မာချစ်ကြည်ရေးတံတားပေါ်ကနေပြန်လာသည့်အချိန်၌ အလည်ဗီဇာ(TR)နှင့်လည်အပတ်လာသူများ၏  ဗီဇာများသည် အတုများ ဖြစ်နေသည့်အတွက် အရေးယူခံရခြင်း ဖြစ်သည်ဟု သူကဆက်ပြောသည်။

ဗီဇာအစစ်

“လမ်းဘေးက ပွဲစားတွေ၊ပတ်စ်ပို့လုပ်ပေးတဲ့သူတွေနဲ့ ဗီဇာယူလိုက်တော့ အတုတွေဖြစ်ကုန်ပြီး အဖမ်းခံရတာ ဖြစ်တယ် “ဟု ကိုသားကြီးက ပြောသည်။

ထိုင်းဗီဇာကြေးသည် အမေရိကန်ဒေါ်လာ ၄၀ ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ၃ လကြာ နေထိုင်ခွင့်ရှိသည်။ အဖမ်းခံရသူအများစုက ပွဲစားများနှင့် ဗီဇာလုပ်ကြရာမှ ဗီဇာအတုများ မိကာ ယခုကဲ့သို့ အဖမ်းခံရခြင်း ဖြစ်သည်။

ဇွန်လ၂၇ ရက်နေ့က စတင်ပြီး ဗီဇာအတုများပေါ်လာသည့်အတွက် ထိုင်းလဝကနှင့် အာဏာပိုင်များက စတင်ဖမ်းဆီးအရေးယူမှုတွေပြုလုပ်ခဲ့သည်။ ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့ အထိ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ဖမ်းဆီးအရေးယူထားသည်။

စာရွက်စာတမ်းအတုပြုလုပ်မှုဖြင့် မြန်မာနိုင်ငံသား အချို့ ထောင်ဒဏ် ၁နှစ်၈လ တစ်ဦး၊ ၁နှစ် ၄လ တစ်ဦး၊ ၁ နှစ်နှင့် ၁၅ရက် ထောင်ဒဏ်ကျခံရထားသည့်သူများလည်းရှိနေသည်။

ဗီဇာအတုများဖြင့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား၁၀၀ကျော်သည်ထိုင်းနိုင်ငံ မဲဆောက်အကျဉ်းထောင်တွင် ဖမ်းဆီးအရေးယူခံထားပြီး တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly