သတင်းတုတွေ တိုက်ဖျက်ရေးအတွက် ဘရာဇီး စာသင်ကျောင်းတွေမှာ သင်ကြားပေးနေ

သတင်းတုတွေ တိုက်ဖျက်ရေးအတွက် ဘရာဇီး စာသင်ကျောင်းတွေမှာ သင်ကြားပေးနေ

ဆော်ပိုလို၊ ဇူလိုင် ၁၃ ။            ။ ဘရားဇီးနိုင်ငံမှာ မီဒီယာအကဲဖြတ်မှု ဘာသာရပ်ကို စာသင်ကျောင်းတွေမှာ မသင်မနေရ ပြဌာန်းသင်ကြားပေးခြင်းနဲ့ အင်တာနက်မှာ သတင်းတုတွေ ပြန့်နှံ့လွှမ်းမိုးနေတာကို တိုက်ဖျက်ရေးလုပ်ငန်းစဉ်မှာ ပါဝင်ရပ်တည်နေပါတယ်။

တစ်ကမ္ဘာလုံးမှာလည်း ဂျာနယ်လစ်ကျင့်ဝတ်မရှိ၊ ဘက်လိုက်မှု ရှိနေတဲ့ လူတွေက တင်နေကြတဲ့ သတင်းတွေ လူမှုမီဒီယာတွေမှာ စီးဝင်ပြီး လွှမ်းမိုးနေတာအတွက် ဆွေးနွေးငြင်းခုံမှုတွေ   မြင့်တက်လာနေချိန်လည်း ဖြစ်ပါတယ်။

အဓိက စိုးရိမ်ပူပန်မှုက သတင်းတုသတင်းမှားတွေကနေ သက်ရောက်မှု ဖြစ်ပေါ်နေရတဲ့ အကြောင်းရင်းပဲ ဖြစ်ပါတယ်။

“သတင်းတုတွေကို ခွဲခြားသိနိုင်ဖို့ ကျောင်းသားတွေကို သင်ကြားပေးဖို့ ရည်ရွယ်တာပါ။ ဒါဟာ မသင်မနေရ သင်ရိုးပဲ ဖြစ်ပါတယ်။ နိုင်ငံအနေနဲ့ လိုအပ်ပြီ ဆုံးဖြတ်လို့ ခုလို လုပ်ဆောင်တာပါ။”လို့ ဘရာဇီး ပညာရေးကျွမ်းကျင်မှု အယ်ဒီတာရေးရာ ညွှန်ကြားရေးမှူး လိန်းဒရိုဘီဂူအိုစီက ပြောပါတယ်။

“လူမှုမီဒီယာ တစ်ဟုန်ထိုး ကြီးထွားလာခြင်းကြောင့် ခုလို လုပ်ဆောင်ဖို့ လိုအပ်လာတာလည်း ဖြစ်ပါတယ်။”ဆိုပြီး ၎င်းက ပြောပါတယ်။

မီဒီယာအကဲဖြတ် သင်ခန်းစာတွေဟာ ၂၀၁၇ ဒီဇင်ဘာကစပြီး မသင်မနေရ သင်ရိုး  ဖြစ်လာခဲ့တာ ဖြစ်ပေမယ့် တစ်ချို့ကျောင်းတွေမှာတော့ သချာၤ၊ သမိုင်းတို့လို သမရိုးကျဘာသာရပ်တွေနဲ့ တွဲသင်ပေးနေခဲ့တာ နှစ်အတန်ကြာပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly