မီတာ ၃၀၀၀ မြှင့်သည့် Austria တောင်ကြား၌ James Bond ပြတိုက်ဖွင့်လှစ်

မီတာ ၃၀၀၀ မြှင့်သည့် Austria တောင်ကြား၌ James Bond ပြတိုက်ဖွင့်လှစ်

ဇူလိုင် ၁၃ ။            ။ Austria နိုင်ငံရဲ့ မီတာ ၃၀၀၀ မြှင့်တဲ့ Soelden တောင်ကုန်းအစွန်အဖျားမှာ James Bond ပြတိုက်ကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

Spectre (2015) James Bond ရုပ်ရှင်ကားရိုက်ကူးခဲ့တဲ့နေရာမှာပဲ တည်ဆောက်ထားတယ်လို့ သိရပါတယ်။

ပြတိုက်ထဲမှာ James Bond ရုပ်ရှင်ကားတွေထဲက အငွေ့အသက်တွေကို မျက်မြင်ကိုယ်တွေ့ကြည့်ရှုနိုင်မှာဖြစ်သလို တောင်ကုန်းတွေပေါ်ကနေ သာယာလှပတဲ့ ရှုခင်းတွေကိုပါ လှမ်းမြင်ရမှာဖြစ်ပါတယ်။

Solden နှင်းလျှောစီးဧရိယာကနေ စတုရန်းမီတာ ၁၃၀၀ ကျယ်ဝန်းတဲ့ James Bond ပြတိုက်ကို ကေဘယ်ကား(Cable Car) စီးပြီးသွားရောက်လေ့လာနိုင်ပါတယ်။

ပြတိုက်ဝင်ကြေးနဲ့ ကေဘယ်လ်အကြိုအပို့အတွက် ဧည့်သည်တစ်ဦးကို ဒေါ်လာ ၂၅.၈၀ ကောက်ခံတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly