မိုင်ယာမီ၌ အားကစားရုံဖွင့်လှစ်ရန် ဘက်ခမ်းအဆိုတင်သွင်း

မိုင်ယာမီ၌ အားကစားရုံဖွင့်လှစ်ရန် ဘက်ခမ်းအဆိုတင်သွင်း

ဇူလိုင် ၁၃ ။             ။ အင်္ဂလန်ကပ္ပတိန်ဟောင်းတစ်ဦးဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ မိုင်ယာမီမှာ အားကစားရုံဖွင့်လှစ်သွားမယ်လို့ တာဝန်ရှိသူတွေကို ပြောခဲ့ပါတယ်။

ဘက်ခမ်းဟာ First Tee Miami ပရိုဂရမ်လုပ်ဆောင်နေတဲ့ Melreese မြို့ပြ ဂေါက်ကလပ်ရဲ့တည်နေရာမှာ ထိုင်ခုံပေါင်း ၂၅၀၀၀ ခုံဆန့်တဲ့ အားကစားရုံ၊ ဟိုတယ်၊ အပန်းဖြေစခန်းတွေတည်ဆောက်သွားမှာဖြစ်ပြီး အာဏာပိုင်တွေရဲ့ခွင့်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။

၎င်းအဆိုတင်သွင်းချက်အတွက် နိုဝင်ဘာလမှာ မဲပေးစနစ်နဲ့ ဆုံးဖြတ်ကြမှာဖြစ်ပြီး ဘက်ခမ်းနိုင်မှသာ အားကစားရုံတည်ဆောက်မယ့် စီမံကိန်းကို အသေးစိတ်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။

ကလေးငယ်အယောက်ပေါင်း ၂၅၀၀ နဲ့လူငယ်လေးတွေကို နှစ်စဉ်ထောက်ပံ့ပေးနေတဲ့ First Tee Miami ပရိုဂရမ်ညွှန်ကြားရေးမှူး John Moscoso က ကျွန်တော်တို့ဟာအသင်းအဖွဲ့တစ်ခုပါ။ ဂေါက်ကလပ်တစ်ခုထဲမဟုတ်ပါဘူးလို့ AFP ကိုပြောခဲ့ပါတယ်။

ဒီနေရာမှာအားကစားရုံဆောက်မယ်ဆိုရင် ကလေးတွေကကျောင်းဆင်းရင် သွားစရာနေရာမရှိတော့ဘူး။ ဒီကလေးတွေသွားစရာမရှိရင် ဘာဖြစ်မယ်ဆိုတာ ကျွန်တော်တို့သိတယ်လို့ ၎င်းကဆက်ပြောပါတယ်။

ဘက်ခမ်းတည်ဆောက်မယ့် Miami Freedom Park မှာ အားကစားရုံ၊ အခန်းပေါင်း ၇၅၀ ပါဝင်တဲ့ဟိုတယ်၊ စားသောက်ဆိုင်၊ ပန်းခြံနဲ့ ဘောလုံးကန်ဖို့ကွင်းပြင်တွေပါဝင်မှာဖြစ်ပြီး ကလေးတွေရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်ပြီး တည်ဆောက်တာဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly