မက္ကဆီကို တိရိစ္ဆာန်ဥယျာဉ်မှာ မွေးဖွားတဲ့ ရေမြင်းသားပေါက်လေးကို လူအများ စိတ်ဝင်တစား လာကြည့်

မက္ကဆီကို တိရိစ္ဆာန်ဥယျာဉ်မှာ မွေးဖွားတဲ့ ရေမြင်းသားပေါက်လေးကို လူအများ စိတ်ဝင်တစား လာကြည့်

ဇူလိုင် ၁၃ ။          ။ မက္ကဆီကိုနိုင်ငံမြောက်ပိုင်းက Guadalajara မြို့က တိရိစ္ဆာန်ဥယျာဉ်တစ်ခုမှာ ရေမြင်းသားပေါက်လေးတစ်ကောင် မွေးဖွားလာလို့ ယခုအခါ လူအများ စိတ်ဝင်တစားနဲ့ လာရောက်ကြည့်ရှုလျက်ရှိပါတယ်။

အဆိုပါ ချစ်စဖွယ် ရေမြင်းသားပေါက်လေးကတော့ ယခုအခါမှာ ကျန်းကျန်းမာမာ ရှိနေပါတယ်။

" ရေမြင်းပေါက်လေးကတော့ ဒီ ဥယျာဉ်ထဲက ကန်တစ်ခုရဲ့ ရေအောက်မှာ မွေးဖွားခဲ့ပါတယ်၊ မွေးစတုန်းက အလေးချိန် ကီလို ၃၀ လောက် ရှိပါတယ်" ဆိုပြီး အဆိုပါ တိရိစ္ဆာန်ရုံဝန်ထမ်းတစ်ဦးဖြစ်တဲ့ Alma Angelica Ortega က ပြောပါတယ်။

" သူ့ အမေ ဆိုရင်လည်း တကယ့်ကို ထူးချွန်တဲ့ မိခင်တစ်ယောက်ပါ၊ သူ့ ကလေးကို တာဝန်သိသိနဲ့ အရမ်းလည်း ဂရုစိုက်တာကို တွေ့ရပါတယ်" လို့လည်း ၎င်းက ထပ်လောင်းပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly