ကမ္ဘာ့သစ်ပင် အရေအတွက် သုံး ထရီယံကျော် ရှိနေ

ကမ္ဘာ့သစ်ပင် အရေအတွက် သုံး ထရီယံကျော် ရှိနေ

ကမ္ဘာ့ပေါ်တွင် ရှိသည့် သစ်ပင်အရေအတွက်သည် သုံးထရီယံကျော် ရှိကြောင်း ဆန်းစစ်ချက်သစ်တစ်ရပ်က ဆိုသည်။

ယခုစာရင်းတွက်ချက်မှုသည် ယခင်က ဘီလီယံ ၄၀၀ သာရှိမည်ဟူသော တွက်ချက်ထားမှုထက် အဆ ရှစ်ဆပိုများခြင်းဖြစ်သည်။

အဆိုပါစာရင်းသစ်ကို ယေးလ်တက္ကသိုလ်မှ သောမတ်ခရိုးသားနှင့် အဖွဲ့က လုပ်ဆောင်ချက်ခဲ့ခြင်းဖြစ်ပြီး ဂြိုဟ်တုဓာတ်ပုံနှင့်အတူ မြေပြင်ကွင်းဆင်းမှုအများအပြားလုပ်ကာ ကောက်ယူခဲ့ရခြင်းဖြစ်သည်။

ကမ္ဘာတွင် လူတစ်ဦးတိုင်းအတွက် သစ်ပင် ၄၂၀ စီ ပေါက်ရောက်ခြင်း နှုန်းထားမျိုးဟု ပြောဆိုနိုင်ကြောင်း Nature ဂျာနယ်တွင် ယင်းအဖွဲ့က ရေးသားဖော်ပြခဲ့သည်။

ယခုကဲ့သို့ သစ်ပင်များ အရေအတွက်များပြားခြင်းသည် ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ထုတ်လွှတ်ခြင်းများကို လျှော့ပါးစေမည်ဟု မျှော်လင့်ချက်များ ဖြစ်ပေါ်စေသော်လည်း ဒေါက်တာ ခရိုးသားကမူ သစ်ပင်အရေအတွက်များပြားခြင်းက အရာရာပြောင်းလဲစေမည်မဟုတ်ဟု သတိပေးသည်။

"ဒါက ကောင်းသတင်းလည်း မဟုတ်သလို ဆိုးသတင်းလို့လည်း ပြောလို့မရဘူး။ ရိုးရိုးရှင်းရှင်းပြောလိုတာက လူတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ၊ ပြည်သူတွေ၊ မူဝါဒချမှတ်သူတွေက နားလည်း အသုံးချတတ်ဖို့ပဲ လိုတယ်လို့ ပြောချင်ပါတယ်။"ဟု ၎င်းကပြောခဲ့သည်။
BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly