HIV ရောဂါမှန်း သိရပြီးချိန်တွင် အကောင်းမြင်စိတ် ဘယ်လို ထားမည်နည်း

HIV ရောဂါမှန်း သိရပြီးချိန်တွင် အကောင်းမြင်စိတ် ဘယ်လို ထားမည်နည်း

ရေးသားသူ Dr. Zin Thu Thu Win
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

အကောင်းဘက် တွေးသောသူများသည် ရောဂါရှိသည့်တိုင် ကျန်းမာသောဘဝကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။ အကောင်းမြင်တတ်ခြင်းကြောင့် ပျော်ရွှင်ကျန်းမာစွာ သက်တမ်းစေ့ နေနိုင်သူများ အများအပြားရှိပါသည်။ ထို့ကြောင့် မည်ကဲ့သို့ အကောင်းမြင်စိတ် ထားရမည်နည်း။

ကျန်းမာရေးလိုက်စားပါ

ကျန်းမာရေး လိုက်စားခြင်းကြောင့် ရရှိသော အကျိုးကျေးဇူးများကို ကြားဖူးမည်ဟု ထင်ပါသည်။ ခွဲစိတ်ပြီး ပြန်လည် ကျန်းမာစေရန်၊ တခြားသော ရောဂါများ ဖြစ်ပြီးသော်လည်း အားအင်ပြန်လည်   ပြည့်ဖြိုးစေပါသည်။ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း နှလုံးရောဂါ နှင့် T cell တို့ကို တိုးမြင့်ပေးပါသည်။ လော့စ်အင်ဂျလိစ်မှ AIDS ရောဂါကုသရေး လမ်းညွှန်မန်နေဂျာ ဘရိုင်ယန် ရစ္စလီ၏ ပြောကြားချက်အရ T cell ပမာဏထိုး၍ ပြောင်းလဲသွားသော်လည်း ရောဂါပိုး ပမာဏ ထူးထူးခြားခြား ပြောင်းလဲမှု မရှိနိုင်ပါ။

အကောင်းဘက်မှ တွေးပါ။

ဖြစ်စဉ်များမှာ မိမိတွေးထားသလို မဖြစ်သည့်တိုင်အောင် အကောင်းဘက်မှတွေး၍ အကောင်းဆုံး ဖြေရှင်းပါ။ အသက်ရှည်ရှည် နေထိုင်ပါ။ လေ့လာချက်များအရ အသက်၂၀ မတိုင်ခင် လူများသည် အသက် ၈၀ လူများထက် ပို၍ အကောင်းဘက်ကို တွေးတောသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် အကောင်းမြင်သူများမှာ လေဖြတ်မှုနှုန်း၊ နှလုံးရောဂါ ဖြစ်ပွားမှုနှုန်း၊ အနာတရဖြစ်ခြင်း၊ အအေးမိခြင်းများ ဖြစ်ပွားမှှု နည်းပါသည်။ အကောင်းမြင်သော မိန်းကလေးများသည် ကိုယ်ဝန်ပို၍ ခိုင်လေ့ရှိပါသည်။

လူမှှုရေး အဖွဲ့အစည်းများတွင် ပါဝင်ပါ

တစ်နေကုန် အိမ်တွင် မနေပါနှင့်။ စိတ်ဓာတ်ကျနိုင်၍ ဖြစ်ပါသည်။ သူငယ်ချင်းများနှင့် အလည်သွားခြင်း၊ မိသားစုနှင့် အတူနေခြင်းသည်လည်း စိတ်ကို အေးချမ်းစေပါသည်။ တစ်ယောက်တည်းနေ၍ စိတ်ဓာတ် မကျပါစေနှင့်။ မိမိ ခံစားချက်များကို မိမိယုံကြည်ရသော သူများသို့ မျှဝေပါ။ မိမိ၏ ရောဂါအခြေအနေကို ပို၍သိလေလေ မိမိကို သူတို့ ပို၍ နားလည်လာလေလေ ဖြစ်ပါသည်။

ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာကို စားပါ

ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာစားခြင်းသည် အားအင်ကို ဖြစ်စေပြီး ကောင်းမွန်သော ဘဝကို ရရှိနိုင်ပါသည်။ ထို့အပြင် ခုခံအားစနစ်ကိုလည်း တိုးမြှင့်ပါသည်။ ဆရာဝန်နှင့် တိုင်ပင်၍ အစားအသောက်ပုံစံကို ပြောင်းလဲ၍ အင်အား တိုးမြှင့်ပါ။ အစားအသောက် အသစ်အဆန်းစားခြင်း၊ မိမိကိုယ်တိုင် ချက်စားခြင်းသည်လည်း အစားအသောက် စားချင်စိတ်ကို ဖြစ်ပေါ်စေပါသည်။ လူအများစုမှာ အစားအသောက် ပြုလုပ်၍ လေ့ကျင့်ခြင်းဖြင့် မိမိတို့၏ အခြေအနေကို တိုးမြှင့်ကြပါသည်။ အာဟာရဗေဒ ပညာရှင်နှင့် တိုင်ပင်၍ အမှန်ကန်ဆုံး အစားအစာကို ရွေးချယ်ပါ။ ကျန်းမာရေးကို တိုးမြှင့်ပါ။

တခြားသူများအတွက် ကူးစက်မှုနှုန်းကို လျှော့ချပါ။

HIV ရောဂါသည် ခန္ဓာကိုယ် အရည်များဖြစ်သော သွေး၊ သုတ်ရည်၊ သုတ်ရည် မလွှတ်ခင် ထွက်သောအရည်၊ စအိုမှ အရည်၊ မိန်းမကိုယ် အင်္ဂါမှ အရည်၊ နို့ရည်များမှတစ်ဆင့် တခြားသူများကို ကူးစက်နိုင်ပါသည်။ မိမိသည် မိမိ၏ သူငယ်ချင်း၊ ဆွေမျိုးများအတွက်ဟု စဉ်းစားမိလျှင် ပို၍ပင် မိမိကိုယ်ကို ဂရုစိုက်ချင်လာပါလိမ့်မည်။ ပို၍လည်း ယုံကြည်မှု ရရှိလာနိုင်ပါသည်။ ပို၍လည်း အကောင်းဘက်ကို တွေးစေပါလိမ့်မည်။

လူအများစုမှာ HIV ရောဂါ ရှိသော်လည်း သက်တမ်းစေ့ နေထိုင်နိုင်ပါသည်။ အကောင်းဘက်သို့ တွေးခြင်းဖြင့် ပို၍ပင် ပျော်ရွှင်မှု ရရှိလာနိုင်ပါသည်။ ထို့ကြောင့် ရောဂါရှိသည်ဟု သိရှိရသည့်တိုင်အောင် ကြောက်ရန် မလိုပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly