တရုတ်တွင် ဒုတိယကမ္ဘာစစ်အောင်နိုင်ရေး တပ်မတော်စစ်ရေးပြ အခမ်းအနားကျင်းပ

တရုတ်တွင် ဒုတိယကမ္ဘာစစ်အောင်နိုင်ရေး တပ်မတော်စစ်ရေးပြ အခမ်းအနားကျင်းပ

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ကို ခုခံတွန်းလှန်ခဲ့သည့် အောင်ပွဲအထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံတွင် တပ်မတော်စစ်ရေးပြအခမ်းအနားအား ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သည်။

တက်ရောက်လာခဲ့သည့် သမ္မတ ရှီကျင့်ဖျင်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် "ဂျပန်ကျုးကျော်မှုအား ရင်ဆိုင်ရာတွင တရုတ်ပြည်သူတို့ မကြောက်မရွံ့မတုန်မလှုပ်ဘဲ တန်ပြန်တိုက်ခိုက်ခဲ့ကြောင်း" ထည့်သွင်းပြောကြားခဲ့သည်။

ထိုပြင် တရုတ်စစ်အင်အားကို သုံးသိန်းအထိ လျှော့ချသွားရန် အစီအစဉ်ရှိကြောင်းပြောပြီး အချိန်ကာလသတ်မှတ်ချက်ကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

ဒေသတွင်း တင်းမာမှုများ မြင့်တက်လာချိန်မှစကာ တရုတ်နိုင်ငံက ကြီးထွားလျက်ရှိသည့် စစ်ရေးပါဝါကိုလည်း အထူးစောင့်ကြည့်နေရသည့် အနေအထားရှိသည်။

ယခုစစ်ရေးပြပွဲတွင် တပ်ဖွဲ့ဝင်အင်အား ၁၂၀၀၀ နှင့် စစ်လေယာဉ် အစီး ၂၀၀ အပြင် တင့်ကားများ၊ ဒုံးကျည်များကိုလည်း တီအန်မင်ရင်ပြင်တွင် ပြသခဲ့သည်။

စစ်ယန္တရား ၈၀ ရာခိုင်နှုန်းကျော်ထက်မနည်းကို ပထမဆုံးအဖြစ် ပြည်သူလူထုရှေ့မှောက် ချပြခဲ့သည့် စစ်ရေးပြအခမ်းအနားလည်းဖြစ်သည်။

လက်နက်ကိုင်တပ်ဖွဲ့များ၏ ဦးစီးလည်းဖြစ်သူ သမ္မတရှီကအတူ ယင်းစစ်ရေးပြအခမ်းအနားစင်မြင့်ပေါ်တွင် နိုင်ငံခြားအစိုးရအရာရှိကြီးများနှင့် နိုင်ငံခေါင်းဆောင်များ ၃၀ ကျော်လည်း ပါဝင်တက်ရောက် ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly