ဒေါ်နယ်ထရမ့်အား တရားစွဲဆိုထားသူ အပြာဇာတ်ကားမင်းသမီး အဖော်အချွတ်ကလပ်တွင် အဖမ်းခံရ

ဒေါ်နယ်ထရမ့်အား တရားစွဲဆိုထားသူ အပြာဇာတ်ကားမင်းသမီး အဖော်အချွတ်ကလပ်တွင် အဖမ်းခံရ

ဝါရှင်တန်၊ ဇူလိုင် ၁၂ ။           ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရားရေးအမှုအခင်း ဖြစ်ပွားနေသည့် အပြာကားမင်းသမီး စတုန်မီဒန်နီယယ်သည် အိုဟိုင်းအိုရှိ အဖော်အချွတ်ကလပ်တွင် ကပြနေစဉ် ကြည့်ရှုသူတစ်ဦးအား သူ့၏ ကိုယ်ခန္ဓာကို ထိတွေ့ခွင့် ပေးမှုဖြင့် အဖမ်းဆီးခံထားရကြောင်း ၎င်း၏ ရှေ့နေဖြစ်သူက ဇူလိုင် ၁၁ ရက်က ပြောသည်။

နိုင်ငံ၏ ပြည်နယ်အများစုတွင် ထိုသို့ အဖော်အချွတ်ဖြင့် ကပြသူများက ဖောက်သည်များအား ထိတွေ့ခွင့် မပြုရန် တားမြစ်ထားခြင်း ဖြစ်သည်။

ရှေ့နေဖြစ်သူ မိုက်ကယ် အက်ဗန်နက်တီက စတုန်းမီအား ဖမ်းဆီးခြင်းသည် နိုင်ငံရေးစေ့ဆော်မှုအရ အကွက်ချခြင်းပဲဟု တွစ်တာတွင် ရေးသားသည်။

စတုန်းမီသည် ၂၀၀၆ ခုနှစ်အတွင်းက ထရမ့်နှင့် အိပ်စက်ခဲ့ဖူးကြောင်း၊ ထိုကိစ္စကို နှုတ်ပိတ်နေရန် သဘောတူညီမှုဖြင့် ထရမ့်ရှေ့နေက ၎င်းအား ဒေါ်လာ ၁၃၀၀၀၀ ပေးခဲ့ကြောင်း ပြောဆိုစွပ်စွဲပြီး ယခုတွင် ထိုသဘောတူညီမှု တရားမဝင်ကြောင်းကို တရားရုံးတွင် အမှုတင် ထားသူဖြစ်သည်။

သမ္မတ ထရမ့်ကမူ စတုန်းမီနှင့် ကိစ္စအား ငြင်းဆန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly