နီပေါတွင် မုတ်သုံမိုး ပြင်းထန်၍ ခတ္တမန္ဒူတောင်ကြားဒေသ ရေကြီးရေလျှံမှု ကြံုနေ

နီပေါတွင် မုတ်သုံမိုး ပြင်းထန်၍ ခတ္တမန္ဒူတောင်ကြားဒေသ ရေကြီးရေလျှံမှု ကြံုနေ

ခတ္တမန္ဒူ၊ ဇူလိုင် ၁၂ ။           ။ ဟိမဝန္တာဒေသ နီပေါနိုင်ငံတွင် မုတ်သုံမိုး သည်းထန်၍ မြို့တော် ခတ္တမန္ဒူမှ အရှေ့တောင်ပိုင်း ၁၂ ကီလိုမီတာခန့်က ဘတ်တာပူအရပ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်။

ဘတ်တာပူခရိုင်သို့ စီးဝင်သည့် ဟန်နုမန်မြစ်တွင် မြစ်ရေအကြီးအကျယ် လျှံမှု ဖြစ်ပွားရာ ဌာနေလမ်းများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားပေါ်ပေါက်ခြင်း ဖြစ်သည်။

ရေကြီးမှုကြောင့် ယာဉ်ကြောသွားလာမှုများ တုံ့ဆိုင်းကုန်ကာ မြို့ဝန်းကျင်အနှံ့ ပြည်သူများအား အကူအညီပေးရေး စစ်သားများ ဖြန့်ကြက်ထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်မှ စတင်ကာ ဘတ်တာပူ၊ နာဂါကော့နှင့် ဂိုဒါဝါရီတို့အပါအဝင် ခတ္တမန္ဒူဝန်းကျင် ခရိုင်များတွင် မိုးသည်းထန်စွာ ရွာသွန်းရာ မိုးရေချိန် ၃၁ စင်တီမီတာ(တစ်ပေနီးပါး)မျှ ရွာသွန်းကြောင်း နီပေါ အစိုးရ မိုးလေဝသဌာနက တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags