ကမ္ဘာသန့်ရှင်းရေးနေ့ ဆိုသော အက်ပလီကေးရှင်း မိတ်ဆက်

ကမ္ဘာသန့်ရှင်းရေးနေ့ ဆိုသော အက်ပလီကေးရှင်း မိတ်ဆက်

ရန်ကုန် ၊ ဇူလိုင် ၁၂ရက် ။         ။ မြန်မာနိုင်ငံမှာ အမှိုက်ကင်းစင်ဖို့ ရည်ရွယ်ပြီး ကမ္ဘာသန့်ရှင်းရေးနေ့ အက်ပလီကေးရှင်းကို မိတ်ဆက် ထုတ်လုပ်ခဲ့သည်။

JCI MYANMAR ၏ ကမ္ဘာသန့်ရှင်းရေးနေ့ အက်ပလီကေးရှင်း မိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့ အင်တာနေရှင်နယ်ဟိုတယ် တွင် ပြုလုပ်ခဲ့သည်။

ကမ္ဘာသန့်ရှင်းရေးနေ့ အက်ပလီကေးရှင်းသည် အမှိုက်များကို ဓာတ်ပုံရိုက်ကူးကာ  အက်ပလီကေးရှင်းတွင် ဖော်ပြရမည်ဟု သိရပြီး ဖော်ပြသော နေရာအတိအကျကို စေတနာ့ဝန်ထမ်းများနှင့် မြို့တော်စည်ပင်သာယာမှ သွားရောက်သိမ်ဆည်းမှုများ ပြုလုပ်သွားနိုင်မည့် နည်းပညာတစ်ခု ဖြစ်သည်။

" ဒီအက်ပလီကေးရှင်းက အမှိုက်ပစ်တဲ့ သူကို Negative ဖြစ်စေချင်လို့မဟုတ်ပါဘူး။ အဓိကအမှိုက်ပစ်တာ အမှိုက်ရှိနေတဲ့နေရာကို ရှင်းဖို့အတွက် Positive Attitude နဲ့ပဲသွားတာပါ”ဟု  JCI Myanmar မှ မဇင်ရတနာ က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် သန့်ရှင်းကျန်းမာပြီး အမှိုက်ကင်းစင်သည့် ပတ်ဝန်းကျင်ကောင်းများ ပေါ်ထွန်းလာစေရန် အဓိကရည်ရွယ်ချက်ဖြင့် အဆိုပါ အက်ပလီကေးရှင်းကို ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" အမှိုက်သိမ်းဆည်းတယ်ဆိုတာ စည်ပင်သာယာ အလုပ်ပဲလို့ ပြည်သူတော်တော်များများက ထင်ခဲ့ကြပါတယ်။ ဘာလို့လဲဆို ပြည်သူမှာလည်း တာဝန်ရှိတယ်ဆိုတဲ့ သဘောပါပဲ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဝင်းနိုင်က ပြောသည်။

အမှိုက်ကင်းစင်ရေးအတွက် လက်တွဲလိုသူများအနေဖြင့် အဆိုပါ အက်ပလီကေးရှင်းဖြင့် လုပ်ဆောင်နိုင်ပြီး ယင်းအက်ပလီကေးရှင်းကို ရန်ကုန်မြို့တစ်ခုတည်းသာမက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသုံးပြုနိုင်ကြောင်း သိရသည်။

လာမည့် စက်တင်ဘာလ ၁၅ရက်နေ့သည် ကမ္ဘာသန့်ရှင်းရေးနေ့ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း အဆိုပါနေ့၌ စေတနာ့ဝန်ထမ်းများနှင့် အစိုးရမြို့တော်စည်ပင်သာယာရေးကော်မတီတို့မှ ပူးပေါင်းကာ သန့်ရှင်းရေးနေ့ကို လုပ်ဆောင်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly