၁၉၆၆ နောက်ပိုင်း ကမ္ဘာ့ဖလားစံချိန်တစ်ခုတင်နိုင်ခဲ့သည့် အင်္ဂလန်

၁၉၆၆ နောက်ပိုင်း ကမ္ဘာ့ဖလားစံချိန်တစ်ခုတင်နိုင်ခဲ့သည့် အင်္ဂလန်

ဇူလိုင် ၁၂၊ မော်စကို။              ။ အင်္ဂလန်အသင်းသည် ၁၉၆၆ နောက်ပိုင်း ကမ္ဘာ့ဖလားတွင် တည်ကန်ဘောမှ ဂိုးအများဆုံးသွင်းနိုင်သည့်အသင်း ဖြစ်လာခဲ့သည်။

ဗုဒ္ဓဟူးနေ့က ခရိုအေးရှားနှင့်ကစားသည့် ဆီမီးဖိုင်နယ်ပွဲတွင် ထရစ်ပီယာ၏ အစောပိုင်း ဖရီးကစ်သွင်းဂိုးမှာ ခြင်္သေ့သုံးကောင် (အင်္ဂလန်)အတွက် ၉ ဂိုးမြောက် တည်ကန်ဘော သွင်းဂိုးဖြစ်သည်။

ယင်းဂိုးမှာ ၁၉၆၆ ခုနှစ်က ပေါ်တူဂီအသင်းရရှိခဲ့သည့် ၈ ဂိုးကို ကျော်ဖြတ်နိုင်ခဲ့သည်။ အင်္ဂလန်အသင်းအနေဖြင့် ၂၀၁၈ ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် စုစုပေါင်း ၁၂ ဂိုးသွင်းယူထားရာ ၉ ဂိုးမှာ တည်ကန်ဘောများမှ ရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိကမ္ဘာ့ဖလားတွင် ဂိုးအများဆုံးဖြစ်နေသည့် ဟာရီကိန်းသည် ၎င်းရရှိထားသည့် ၆ ဂိုးအနက် ၃ ဂိုးကို ပင်နယ်တီ၊ ၂ ဂိုးကို ထောင့်ကန်ဘောမှ သွင်းယူထားသည်။

ဆီမီးဖိုင်နယ်တွင် ခရိုအေးရှားကို အချိန်ပို၌ ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် အင်္ဂလန်အသင်းသည် ဇူလိုင် ၁၄ တွင် ဘယ်လ်ဂျီယံနှင့် တတိယလုရမည်ဖြစ်သည်။ အင်္ဂလန်နှင့် ဘယ်လ်ဂျီယံတို့မှာ အုပ်စုတွင်းတွေ့ဆုံခဲ့ကြစဉ် ဘယ်လ်ဂျီယံက ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

Ref; goal.com

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly