ထိပ်သီးအစည်းအဝေး ပထမနေ့တွင် သဘောထား တိုက်ဆိုင်မှု မရရှိခဲ့ကြောင်း နေတိုးအကြီးအကဲ ၀န်ခံ

ထိပ်သီးအစည်းအဝေး ပထမနေ့တွင် သဘောထား တိုက်ဆိုင်မှု မရရှိခဲ့ကြောင်း နေတိုးအကြီးအကဲ ၀န်ခံ

ဘရပ်ဆဲလ်၊ ဇူလိုင် ၁၂ ။              ။ ဘရပ်ဆဲလ်တွင် ဇူလိုင် ၁၁ ရက်က ကျင်းပသော နေတိုးထိပ်သီးအစည်းအဝေး ပထမနေ့ ပြီးဆုံးသွားသော်လည်း အဖွဲ့ဝင် မဟာမိတ်များကြားက သဘောထား မတိုက်ဆိုင်မှုများကို ညှိနှိုင်းနိုင်ခြင်း မရှိခဲ့ကြောင်း နေတိုးအတွင်းရေးမှူးချုပ်က ဝန်ခံပြောကြားသည်။

ကုန်သွယ်ရေးကဲ့သို့သော နယ်ပယ်များတွင် ယခုကဲ့သို့ ဘုံသဘောတူညီချက် ထွက်ပေါ်လာခဲ့ခြင်း မရှိသော်လည်း ဆွေးနွေးပွဲများသို့ မက်ဆီဒိုးနီးယားနိုင်ငံအား ဖိတ်ကြားရန် သဘောတူခြင်း အပါအဝင် နေတိုး မဟာမိတ် ခိုင်မြဲရေး အရေးကြီးသော ဆုံးဖြတ်ချက်များကို အဖွဲ့ဝင်နိုင်ငံများက ချမှတ်နိုင်ခဲ့ကြောင်း ဂျင်းစတောတန်ဘတ်က အလေးထား ပြောသည်။

“ဒီအရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်တာဟာ ဒီကနေ့မှာ ဥရောပနဲ့ မြောက်အမေရိကားတို့ ပူးပေါင်းလုပ်ဆောင်မှုတွေကို ကျွန်တော်တို့ ပြသလိုက်တာပဲ။ နေတိုးအဖွဲ့ဟာ ရှင်သန်နေဆဲဖြစ်တယ်။ ကျွန်တော်တို့တွေရဲ့ နိုင်ငံသားပေါင်း တစ်ဘီလီယံနီးပါးအတွက် လုံခြုံဘေးကင်းရေးကို ဆက်လက်ထိန်းသိမ်းသွားဖို့ ကျွန်တော်တို့ သံန္ဒိဌာန် ချထားတယ်။”ဟု ၎င်းက ပြောကြောင်း သတင်းပြန်ကြားရေးအတွင်းဝန် အိုအန်နာလန်ဂီစကူအရ သိရသည်။

ယခု အစည်းအဝေး ပထမနေ့သည် ဂျာမနီကို ရုရှသဘာဝဓာတ်ငွေ့များ ဝယ်ယူနေခြင်းနှင့် အခြားသော အဖွဲ့ဝင်နိုင်ငံများကိုလည်း သဘောတူထားသော ရင်းနှီးမြုပ်နှံမှု ရည်မှန်းချက်များကို ပြည့်မီအောင်  မလုပ်ဆောင်ခြင်းတို့အပေါ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ဝေဖန်ချက်များဖြင့် မှတ်တမ်းတင်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly