အိန္ဒိယတွင် ရေကြီးမြေပြိုမှုများကြောင့် ၁၅ ဦး သေဆုံး

အိန္ဒိယတွင် ရေကြီးမြေပြိုမှုများကြောင့် ၁၅ ဦး သေဆုံး

နယူးဒေလီ၊ ဇူလိုင် ၁၁ ။            ။ အိန္ဒိယတွင် ရေကြီးမြေပြိုမှုကြောင့် ဇူလိုင် ၁၁ ရက်က လူ ၁၅ ဦး အနည်းဆုံး သေဆုံးကြောင်း တာဝန်ရှိသူများက ပြောရာ နိုင်ငံ၏ နှစ်ပတ်လည် မုတ်သုံမိုးဒဏ် ကြုံတွေ့မှုအတွင်း သေဆုံးသူပေါင်း ၂၀၀ နီးပါးအထိ ရောက်ရှိခြင်းလည်း ဖြစ်သည်။

အစွန်အဖျားကြပြီး တောင်ထူထပ်ရာ အရှေ့မြောက်ပိုင်း မဏိပူရ်ပြည်နယ်တွင် မြေပြိုမှုကြောင့် အနည်းဆုံး ကိုးဦး သေဆုံးခဲ့သည်ဟု ပြည်နယ် ဝန်ကြီးချုပ် နောင်သွမ်ဘမ်းက ဆိုသည်။

“ကျွန်တော် ဒီသတင်း သိရတော့ တော်တော် စိတ်မကောင်းဖြစ်ရပါတယ်။”ဟု ၎င်းက တွစ်တာတွင် ရေးသား ဖော်ပြသည်။

ထိုသေဆုံးသူ ကိုးဦးတွင် ရှစ်ဦးမှာ ကလေးငယ်များ ဖြစ်ကြသည်ဟု ဌာနေမီဒီယာများက ဖော်ပြသည်။

နောက်ထပ် သီးခြားအဖြစ် နိုင်ငံမြောက်ပိုင်း ဟိမဝန္တာဒေသမှ ဥတာရတ်ခန်းပြည်နယ်တွင် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် ခြောက်ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly