ရီဟားနား၏ ရေမွှေးသစ် RiRi မိတ်ဆက်ပွဲကျင်းပ

ရီဟားနား၏ ရေမွှေးသစ် RiRi မိတ်ဆက်ပွဲကျင်းပ

နယူးယော့ခ်၊ စက်တင်ဘာ ၂ ။           ။ ကမ္ဘာကျော်အဆိုတော် ရီဟားနားသည် ၎င်း၏ ရေမွှေးသစ် RiRi ကို မိတ်ဆက်ခဲ့ကြောင်းနှင့် ရေမွှေးသစ် မိတ်ဆက်ပွဲ အခမ်းအနားတွင် ရီဟားနားက အနာဂတ် ကာလတွင် အလှကုန်ပစ္စည်းများကို ကျယ်ကျယ်ပြန်ပြန့် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

မိတ်ဆက်ပွဲတွင် ရီဟားနားက ဒီနှစ်ထဲ၌ ဂီတသက်တမ်း ဆယ်နှစ်ပြည့်ပွဲကို ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် မဝေးတော့သည့် အနာဂတ်တွင် ထောက်ခံမှုရရှိထားသော အလှကုန်ပစ္စည်များကို ထုတ်လုပ် သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ရီဟားနားသည် အလှကုန်ပစ္စည်းများ ထုတ်လုပ်ရန် ၂၀၁၄ ခုနှစ် နှောင်းပိုင်းက Fenty Beauty နာမည်ဖြင့် ကုမ္ပဏီ မှတ်ပုံတင်ထားခဲ့သည်။

“ ကျွန်မလက်တွေ့မှာ လုပ်စရာတစ်ခုခုကို လုပ်သွားမှာပါ။ ဒါပေမဲ့ ကျွန်မမှာ လုပ်စရာအများ ကြီး ရှိတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အဲဒါကို လုပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ကျွန်မ တေးသီချင်း အယ်လ်ဘမ် နဲ့ရေမွှေးကို လုပ်သွားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ရီဟားနားက Refinery 29 ကို ပြောကြားသည်။

ရီဟားနားသည် ဘရွတ်ကလင် မြို့လယ်ခေါင်ရှိ Macy’s ကုန်တိုက်တွင် ၎င်း၏ ရေမွှေးသစ် RiRi ကို စက်တင်ဘာ ၁ ရက်က စတင် မိတ်ဆက်ခဲ့သည်။

ကျွန်မတို့ ဖန်တီးလိုက်တဲ့ ရနံ့က တစ်မူထူးခြားတဲ့ သစ်လွင်မှုကို ပေးစွမ်းနိုင်မှာပါ။ ဆွဲဆောင်မှု ရှိပြီး မိန်းကလေး ပိုဆန်တဲ့ ရနံ့မျိုးပါ။ ခံစားမှုပေါင်းစုံကို ပေးစွမ်းတဲ့ရနံ့ရောနှောမှုလေးတွေကို ကျွန်မ တို့အသုံးပြုနိုင်လိုက်တဲ့အတွက် ကျေနပ်မိပါတယ်” ဟု ရီဟားနားက ရေမွှေးမိတ်ဆက်ပွဲတွင် ပြော သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly