ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မကြာမီ ရခိုင်ပြည်နယ်သို့ လာမည်

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မကြာမီ ရခိုင်ပြည်နယ်သို့ လာမည်

ဇူလိုင် ၁၁ ။           ။ ဘင်္ဂါလီ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်ကနေ မူလနေရပ် ပြန်ပို့မှု မစခင် ရခိုင်ပြည်နယ်က အခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရဖို့အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali မကြာမီ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်တွင်းက လုပ်ဆောင်နေတဲ့ အိမ်ယာ စီမံမှု၊ သွားရေးလာရေးနဲ့ အသက်မွေးဝမ်းကြောင်း စတာတို့ အပါအဝင် ဒုက္ခသည် မူလနေရပ် ပြန်ပို့ရေး လုပ်ငန်းစဉ်ရဲ့ တိုးတက်မှု အခြေအနေကို ကြည့်ရှုဖို့အတွက် နိုင်ငံခြားရေးဝန်ကြီး သိပ်မကြာခင် မြန်မာသို့ သွားမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် Md Shahidul Haque က ဇူလိုင် ၁၀ ရက်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ် ဘယ်နေ့ စမလဲ ဆိုတာကိုတော့ ပြောကြားသွားခြင်း မရှိပါဘူး။

ဒါကာမြို့မှာ ပြုလုပ်တဲ့ ပင်လယ်ရေကြောင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲတစ်ခု ဖွင့်လှစ်မှု အပြီးမှာ သတင်းထောက်တွေကို Md Shahidul Haque က အထက်ပါအတိုင်း ပြောကြားသွားတာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ မကြာမီကာလအတွင်းက ပေကျင်းမြို့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ၊ မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေတို့နဲ့ တွေ့ဆုံပြီးနောက် ယခုလို မြန်မာကို သွားမယ့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly