သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးအုန်း ကွယ်လွန်

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးအုန်း ကွယ်လွန်

ဇူလိုင် ၁၁။ ။                                      ။ FREDA အသင်းကို တည်ဆောင်ထောင်ခဲ့သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေး ပညာရှင် ဦးအုန်းသည် ဇူလိုင် ၁၁ရက် နံနက် ၆နာရီခန့်တွင် လူကြီးရောဂါဖြင့်ကွယ်လွန်သွားခဲ့ကြောင်း ၎င်း၏မိသားစုဝင်များထံမှ သတင်းရရှိသည်။

“ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ခဲ့တဲ့သူ ပတ်ဝန်းကျင်ချစ်မြတ်နိုးသူတစ်ယောက် ဆုံးရှုံး သွားတယ်။ နောက်ပြီး ဒီမှာ ကမ္ဘာမြေချစ်သူဆုပြန်ပြီးပေးနေတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်လည်း တော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ်” ဟု သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးပညာရှင် ဦးအုန်း၏ မြေးဖြစ်သူ ဒေါ်ခင်သူဇာ တင် ကပြောသည်။

ဦးအုန်းသည် မြန်မာနိုင်ငံတွင် ကမ္ဘာမြေချစ်သူဆုကို စတင်ရွေးချယ်ပေးခဲ့သူတစ်ဦးဖြစ်ပြီး သစ်တောများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တက်ကြွစွာဆောင်ရွက်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

“ဆရာကြီးက တကယ်ကိုပညာရှင်စစ်စစ်အနေနဲ့ သစ်တောဘာသာရပ်နဲ့ သဘာ၀ ပတ်ဝန်း ကျင်ကို တာဝန်ကျေကျေပွန်ပွန်နဲ့ မြန်မာပြည်အတွက်လုပ်ပေးသွားတဲ့ ဂုဏ်ဆောင်ပေး သွားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်”ဟု မြန်မာအစိမ်းရောင်ကွန်ရက်မှတာဝန်ခံ ဒေါ်ဒေဝီသန့်စင်ကပြောသည်။

ဂျပန်နိုင်ငံမှ ပေးအပ်သည့် ကမ္ဘာမြေချစ်သူဆုကိုလည်း ရရှိခဲ့သည့် ဦးအုန်း (၉၁)နှစ်၏ ဈာပနကို ဇူလိုင်လ ၁၃ရက်တွင် နေ့လယ် ၃နာရီတွင် ရေဝေးသုဿန်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly