လွတ်လပ်စွာ ဥယျာဉ်စိုက်ပျိုးနေသည့် ရောမအကျဉ်းသားများ

လွတ်လပ်စွာ ဥယျာဉ်စိုက်ပျိုးနေသည့် ရောမအကျဉ်းသားများ

ဇူလိုင် ၁၁ ။          ။ အကျဉ်းသားတွေ စိတ်ပြေလက်ပျောက်ဖြစ်အောင် ရောမမြို့ရဲ့ Rebibbia အကျဉ်းစခန်းအာဏာပိုင်တွေက ၎င်းတို့ကို မြို့ထဲသွားပြီး ဥယျာဉ်စိုက်ပျိုးစေတာဖြစ်ပါတယ်။

အီတလီမှာရှိတဲ့ မြေလွတ်မြေရိုင်းတွေ စိမ်းစိုသာယာလာအောင်လုပ်ဖို့က အကျဉ်းသားတွေရဲ့ တာဝန်ဖြစ်နေပြီလို့ သိရပါတယ်။

သူတို့ထွက်ပြေးရင်တောင် ကျွန်တော်လိုက်ဖမ်းမှာမဟုတ်ဘူး။ ဒီစီမံကိန်းကြောင့် သူတို့ကိုယ်သူတို့တန်ဖိုးရှိမှန်းသိလာတယ်လို့ အကျဉ်းသားဥယျာဉ်မှူးတွေကို စောင့်ကြည့်နေတဲ့ Claudio Iacobelli ကပြောပါတယ်။

ရောမမြို့က ဥယျာဉ်စိုက်ပျိုးနည်းပညာကျောင်းတက်ပြီးတာနဲ့ အကျဉ်းသားအယောက် ၁၀၀ နီးပါး လက်တွေ့ကွင်းဆင်းလုပ်ကိုင်ရတာဖြစ်ပါတယ်။

မနက် ၉ နာရီကနေ ညနေ ၃ နာရီကြား၊ ရုံးဖွင့်ရက်တွေမှာ ဝါရင့်ဥယျာဉ်မှူးတွေရဲ့ ကြီးကြပ်မှုနဲ့အတူ ဥယျာဉ်စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

ဒီစီမံကိန်းဟာ အကျဉ်းသားတွေအတွက်လည်း အကျိုးရှိသလို မြို့ရဲ့ဥယျာဉ်ခြံမြေတွေကိုပါ ထိန်းသိမ်းရာရောက်တယ်လို့ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly