ပြည်သူ့မေတ္တာခံယူနေ၍ သက်တော်စောင့်မလိုအပ်ကြောင်း မက္ကဆီကို ရွေးကောက်ခံသမ္မတပြောကြား

ပြည်သူ့မေတ္တာခံယူနေ၍ သက်တော်စောင့်မလိုအပ်ကြောင်း မက္ကဆီကို ရွေးကောက်ခံသမ္မတပြောကြား

ဇူလိုင် ၁၁ ။             ။ ပြောင်းလဲမှုများကို ဆောင်ကြဉ်းပေးမယ်လို့ ကတိပြုထားတဲ့ မက္ကဆီကို ရွေးကောက်ခံသမ္မတ Andres Manuel Lopez Obrador ဟာ သက်တော်စောင့်မပါဘဲ ပြည်သူတွေကြား တစ်ကိုယ်တော်သွားလာနေတဲ့အတွက်  လုံခြုံရေးအရာရှိတွေ အံ့သားသင့်ခဲ့ရပါတယ်။

 ရှေးရိုးဝါဒီဆန့်ကျင်သည့်လက်ဝဲယိမ်းဝါဒီ ရွေးကောက်ခံသမ္မတ Andres Manuel Lopez Obrador ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့မှာ ရွေးကောက်ပွဲအောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ၎င်းဟာ သမ္မတအိမ်တော်၊ ဂျက်လေယာဉ်၊ သမ္မတလုံခြုံရေးအဆောင်အယောင်တွေကို လုံးဝလက်မခံတဲ့အပြင် သမ္မတလစာတစ်ဝက်ကိုပဲ လက်ခံခဲ့တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲပြီးကတည်းက အသက် ၆၄ နှစ်အရွယ် ရွေးကောက်ခံသမ္မတ Lopez Obrador ဟာ ၎င်းရဲ့ Volkswagen Jetta ကားလေးနဲ့ မက္ကဆီကိုမြို့အနှံ့လျှောက်သွားပြီး သတင်းထောက်တွေ၊ ပြည်သူတွေနဲ့ တရင်းတနှီး စကားလက်ဆုံပြောကြားနေခဲ့တာ ဖြစ်ပါတယ်။

“ရှင်းရှင်းပဲပြောမယ်ဗျာ။ ကျွန်တော် သက်တော်စောင့်မလိုဘူး။ ပြည်သူတွေက ကျွန်တော့်ကိုစောင့်ရှောက်မယ်ဆိုတဲ့သဘောပေါ့ဗျာ” ဆိုပြီး ဒီဇင်ဘာလ ၁ ရက်နေ့မှာ တာဝန်ထမ်းဆောင်မယ့် ရွေးကောက်ခံသမ္မတ Lopez Obrador ကပြောကြားခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly