အချက်အလက်ပေါက်ကြားမှုကြောင့် Facebook ကို ဗြိတန်အရေးယူ

အချက်အလက်ပေါက်ကြားမှုကြောင့် Facebook ကို ဗြိတန်အရေးယူ

ဇူလိုင် ၁၁ ။           ။ သုံးစွဲသူတွေရဲ့ အချက်အလက်ကို ပေါက်ကြားစေတဲ့ Facebook ကို ဗြိတိန်အချက်အလက် ထိန်းသိမ်းရေး ဌာနက ပေါင်ငါးသိန်း (ဒေါ်လာ ၆သိန်း၆သောင်း) ဒဏ်ငွေရိုက်မှာဖြစ်ပါတယ်။

ဗြိတိန်ရဲ့ ၂၀၁၆ ခုနှစ် - ဥရောပသမဂ္ဂ ရွေးကောက်ပွဲမှာ အချက်အလက်တွေ ပေါက်ကြားစေခဲ့တဲ့အတွက် ယခုလိုလုပ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

အချက်အလက်စီမံကွပ်ကဲရေးဌာန (ICO)  ဟာ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို Facebook ကဘယ်လို ထိန်းသိမ်းထားလဲဆိုတာကို ၂၀၁၈ နှစ်ဆန်းပိုင်းကတည်းက လေ့လာနေခဲ့တာဖြစ်ပါတယ်။

Facebook ဟာ သုံးစွဲသူတွေရဲ့ အချက်အလက် တွေကို ပေါက်ကြားစေတဲ့ဥပဒေနဲ့ ငြိစွန်းနေပါတယ်လို့ ICO ကပြောပါတယ်။ ဆက်လက်ပြီး ၎င်းက သုံးစွဲသူတွေရဲ့အချက်အလက်ကို တခြားလူတွေက ဘယ်လိုသုံးလဲဆိုတာကို Facebook ကမထောက်ပြနိုင်ဘူးလို့ ပြောပါတယ်။

သုံးစွဲသူလူဦးရေ ၈၇ သန်းရဲ့ အချက်အလက်တွေကို Cambridge Analytica ဗြိတိသျှအကြံပေးအဖွဲ့အစည်းက အမေရိကန်သမ္မတ Donald Trump ရဲ့ ၂၀၁၆ ခုနှစ် စီမံကိန်းအတွက် ယူသွားတာပါလို့ Facebook ကဝန်ခံခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly