မြန်မာဝန်ကြီးဌာန ၂ ခုမှ တာဝန်ရှိသူများအပေါ် အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်

မြန်မာဝန်ကြီးဌာန ၂ ခုမှ တာဝန်ရှိသူများအပေါ် အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်
Photo: EPA

 

ဇူလိုင် ၁၁ ။                         ။ အမေရိကန်ပြည်ထောင်စုကနေ ပြည်နှင်ဒဏ်ပေးခံရသော မြန်မာနှင့်လာအိုနိုင်ငံသားများအား  သက်ဆိုင်ရာ အစိုးရများဘက်က ပြန်လည်လက်ခံပေးရန် ပျက်ကွက်နေခဲ့သည်ဟုဆိုပြီး မြန်မာ၊ လာအိုနှစ်နိုင်ငံအပေါ် ဗီဇာပိတ်ပင်မှုများ ချမှတ်ကြောင်း ၀ါရှင်တန်အစိုးရမှ ထုတ်ပြန်ကြေညာသွားသည်။

မြန်မာနှင့် လာအို နှစ်နိုင်ငံမှ အစိုးရတာဝန်ရှိသူအချို့အပေါ် ဗီဇာကန့်သတ်ပိတ်ပင်မှုများ စတင်ချမှတ်ရန် ယင်းနှစ်နိုင်ငံရှိ ကောင်စစ်ဝန်ရုံးများထံသို့ အမေရိကန်နိုင်ငံခြားဝန်ကြီးဌာနက ဇူလိုင် ၁၀ ရက်တွင် ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။

ယခုကဲ့သို့ အမေရိကန်ဘက်မှ အရေးယူဆောင်ရွက်ချက်များအရ မြန်မာဝန်ကြီးဌာန နှစ်ခုအပေါ် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှုများ ရှိလာခဲ့သည်။

မြန်မာဝန်ကြီးဌာန နှစ်ခုဖြစ်သော အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ လက်ရှိ ညွှန်ကြားရေးမှူးချုပ် ရာထူးအဆင့်မှ စ၍ ယင်း၏ အထက်အရာရှိကြီးများအားလုံးနှင့် ၎င်းတို့၏ မိသားစုဝင်တွေအပေါ် အလုပ်သဘောဖြစ်စေ သို့မဟုတ် အလည်အပတ်ဖြစ်စေ B1 ၊ B2 nonimmigrant ဗီဇာများကို ချွင်းချက်မရှိ ပိတ်ပင်လိုက်ကြောင်း အမေရိကန်ဘက်မှ ထုတ်ပြန်သည်။

တစ်ချိန်တည်းတွင် လာအိုအစိုးရတာဝန်ရှိသူများအပေါ် အလားတူအတိုင်း ဗီဇာပိတ်ပင်မှုများကိုလည်း အမေရိကန်ဘက်မှ ချမှတ်ခဲ့သည်။

အမေရိကန်အစိုးရဘက်မှ မြန်မာ၊ လာအို ရွှေ့ပြောင်းနေထိုင်သူများကို ပြည်နှင်ဒဏ်ပေးရန်  ကြိုးစားသည့်အခါအတိုင်း သက်ဆိုင်ရာ မြန်မာနှင့် လာအို အစိုးရတို့အနေဖြင့် ၎င်းတို့၏   နိုင်ငံသားများကို ပြန်လက်ခံရန် ငြင်းဆန်ခြင်း သို့မဟုတ် နှောင့်နှေးကြန့်ကြာနေခြင်းတို့ ရှိနေခဲ့ခြင်းကြောင့် ယခုကဲ့သို့ ၀ါရှင်တန်ဘက်က အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags