ပြင်သစ်၏ နိုင်ပွဲမှာ တောဝက်ဘောလုံးအသင်းအတွက် ရည်ညွှန်းသည်ဟု ပေါ့ဂ်ဘာပြော

ပြင်သစ်၏ နိုင်ပွဲမှာ တောဝက်ဘောလုံးအသင်းအတွက် ရည်ညွှန်းသည်ဟု ပေါ့ဂ်ဘာပြော

ဇူလိုင် ၁၁၊ စိန့် ပီတာစ်ဘတ်။      ။ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တွင် ဘယ်လ်ဂျီယံကိုအနိုင်ရသည့် ပြင်သစ်၏နိုင်ပွဲမှာ ထိုင်းနိုင်ငံတွင် ဂူအတွင်းမှ ကယ်ထုတ်ခဲ့ရသည့် တောဝက်ဘောလုံးအသင်းအတွက် ရည်ညွှန်းသည်ဟု ပေါ့ဂ်ဘာက ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ၊ တောဝက်ဘောလုံးအသင်းမှ နည်းပြတစ်ဦးနှင့် အသက် ၁၁ နှစ်မှ ၁၇ နှစ်အတွင်း ယောင်္ကျားလေး ၁၂ ဦးတို့မှာ ဂူတစ်ဂူအတွင်းတွင် ၁၇ ရက်ကြာ ပိတ်မိနေသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ အစွမ်းကုန်ဆောင်ရွက်ခဲ့ရသည်။

ကယ်ဆယ်ရေးလုပ်ငန်းများကို နိုင်ငံတကာကလည်း ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် အားလုံးကို ကယ်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။

ဘယ်လ်ဂျီယံကိုအနိုင်ရပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီးနောက် ပြင်သစ်နှင့် မန်ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာက ယင်းနိုင်ပွဲကို တောဝက်အသင်းအတွက် ရည်ညွှန်းကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီနိုင်ပွဲက ဒီနေ့ရဲ့ သူရဲကောင်းတွေအတွက်ပါ။ ကောင်းတယ် ကောင်လေးတို့။ မင်းတို့ သိပ်ပြီး သန်မာတယ်။ မင်းတို့နဲ့ အတူတူရှိနေမှာပါ”ဟု ပေါ့ဂ်ဘာက ဆိုရှယ်မီဒီယာတွင် ကလေး ၁၂ ဦး၏ ဓါတ်ပုံနှင့်တကွ ရေးသားထားသည်။

ပြင်သစ်လက်ရွေးစင်အသင်းမှာ ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ ၁၉၉၈ နှင့် ၂၀၀၆ ခုနှစ်တို့ပြီးနောက် သုံးကြိမ်မြောက် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၈ တွင် ဗိုလ်စွဲထားသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags