ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ဖို့ ရီးယဲလ်အသင်းကနေ ထွက်ခွာသွားတော့မယ့် စီရော်နယ်လ်ဒို

ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ဖို့ ရီးယဲလ်အသင်းကနေ ထွက်ခွာသွားတော့မယ့် စီရော်နယ်လ်ဒို
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဂျူဗီတပ်စ်အသင်းဆီ ပူးပေါင်းတော့မှာဖြစ်တယ်လို့ စပိန်ကလပ်က အတည်ပြုခဲ့ပါတယ်။ အသက် ၃၃ နှစ်ရှိ ပေါ်တူဂီကစားသမားရဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးကို ပေါင် ၁၀၅ သန်းအဖြစ် နှစ်သင်းကြား သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရှိရပါတယ်။

ရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းမှာ ချန်ပီယံလိဂ်ဆုဖလား ၄ ကြိမ် ဆွတ်ခူးခဲ့ပေမယ့် ဥက္ကဌ ပီရက်ဇ်နဲ့ ဆက်ဆံရေး အေးဆက်နေခဲ့ပါတယ်။

“ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ရီးယဲမက်ဒရစ်အသင်းအတွက် ကြီးမြတ်ခမ်းနားတဲ့ သင်္ကေတတွေထဲက တစ်ခုအဖြစ် အမြဲရှိနေပါလိမ့်မယ်။”လို့ ကလပ်အသင်းရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။

“ရီးယဲလ်အသင်းအနေနဲ့ ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုလိုပါတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်လာဖို့ သက်သေစိုက်ထူခဲ့ပြီး ကျနော်တို့ရဲ့ ကလပ်သမိုင်းကြောင်းမှာနဲ့ ကမ္ဘာ့ဘောလုံးလောကမှာ ထင်ရှားတောက်ပတဲ့ ကစားသမားတွေထဲက တစ်ယောက်အဖြစ် မှတ်တမ်းအပ်ပါတယ်။”

“ရီးယဲလ်မက်ဒရစ်အသင်းက အမြဲတမ်း မင်းရဲ့အိမ်ဖြစ်ပါလိမ့်မယ်။”

ရော်နယ်လ်ဒိုဟာ ဂျူဗီတပ်စ်အသင်းရဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ဟီဂူအင်ရဲ့ ပေါင် ရ၅.၃ သန်း ကျော်ဖြတ်သွားမှာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ၂၀၀၉ ခုနှစ်က မန်ယူအသင်းမှ ပေါင်သန်း ၈၀ နဲ့ ရီးယဲလ်အသင်းကို ပြောင်းရွှေ့လာခဲ့ပြီး ကလပ်စံချိန်တင်သွင်းဂိုး ၄၅၁ ဂိုး သွင်းယူခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် ချီးမြှင့်တဲ့ Ballon D'Or ဆုကို ၂၀၀၈၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ရရှိခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly