ပုသိမ် -ရွှေသောင်ယံ တံတား စက်တင်ဘာတွင် စတင်အသုံးပြုနိုင်မည်

ပုသိမ် -ရွှေသောင်ယံ တံတား စက်တင်ဘာတွင် စတင်အသုံးပြုနိုင်မည်

ပုသိမ် ၊ ဇူလိုင် ၁၀ ။             ။ ပုသိမ်နှင့် ရွှေသောင်ယံကို ဆက်သွယ်ပေးမည့် ရွှေသောင်ယံတံတားအား ၂၀၁၈ခုနှစ် စက်တင်ဘာ လတွင် ပြည်သူများ စတင်အသုံးပြုနိုင်တော့မည်ဖြစ်ပြီး တံတား တည်ဆောက်ခြင်း ပြီးစီးမှုမှာ ၉၅ ရာခိုင်နှုန်း ရှိပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက မဇ္စျိမသို ့ပြောသည်။

“ရွှေသောင်ယံနဲ့ချောင်းသာကို ဆက်ပေးတာပေါ့။တိုင်းဒေသကြီး ဘတ်ဂျက်အဖြစ် အစိုးရ အဖွဲ ့ဆုံးဖြတ်ချက်နဲ ့R.C တံတားလုပ်လိုက်တာပါ။ အခက်အခဲတွေလည်း အများကြီးရှိပါတယ်။ ဘက်ဂျက် ၂၆၇၀ကျပ်သန်း ကုန်ကျခံပြီး တည်ဆောက်တာပါ”ဟု ဦးဝင်းဌေးက ပြောသည်။

ရွှေသောင်ယံတံတားမှာ သံကူကွန်ရစ် တံတားအမျိုးအစားဖြစ်ပြီး၊တံတားအရှည်မှာ ၂၅၂ မီတာရှိကြောင်း ၊ တံတား အကျယ်မှာ ၉မီတာရှိပြီး၂၀၁၇ခုနှစ် ဇူလိုင်လတွင် စတင် တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

“ရွှေသောင်ယံတံတားပြီးစီးရင် တန်၆၀ အထိ ဖြတ်သန်းသွားလာနိုင်ပါတယ်။ တံတားကို စက်တင်ဘာ လအကုန်မှာ ပြည်သူတွေ အသုံးပြုနိုင်မယ်လို့ မှန်းထားပါတယ်”ဟု ရွှေသောင်ယံ တံတား တည်ဆောက်ရေး တာဝန်ခံအင်ဂျင်နီယာ ဦးထွန်းထွန်းက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly