ဒီဇင်ဘာလ၌ လကမ္ဘာသို့ သွားရောက်နိုင်ရန် အစ္စရေးပြင်ဆင်

ဒီဇင်ဘာလ၌ လကမ္ဘာသို့ သွားရောက်နိုင်ရန် အစ္စရေးပြင်ဆင်

ဇူလိုင် ၁၀ ။             ။ ဒီဇင်ဘာလမှာ နိုင်ငံရဲ့ပထမဆုံး လကမ္ဘာ ခရီးစဉ်စတင်ဖို့ ပြင်ဆင်နေတယ်လို့ အစ္စရေးအာဏာပိုင်တွေက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

အလေးချိန် ၅၈၅ ကီလိုဂရမ် (၁၃၀၀ ပေါင်) ရှိတဲ့ မောင်းသူမဲ့အာကာသယာဉ်ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်မှာ လကမ္ဘာပေါ် လွှတ်တင်မှာဖြစ်ပါတယ်လို့ SpaceIL တာဝန်ရှိသူတွေက သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါအာကာသယာဉ်ကို အမေရိကန်နိုင်ငံသားစွန့်ဦးတီထွင်သူ Elon Musk ရဲ့ SpaceX စခန်းကနေ ဒုံးကျည်နဲ့လွှတ်တင်မှာဖြစ်ပြီး လကမ္ဘာရဲ့သံလိုက်ဆွဲငင်အားကိုပါ လေ့လာသွားမယ်လို့ သိရပါတယ်။

လကမ္ဘာပေါ်ရောက်တာနဲ့ အစ္စရေးအလံ အရင်ဆုံးစိုက်မယ်လို့ စီစဉ်သူတွေကပြောပါတယ်။

အဆိုပါလွှတ်တင်မှုအတွက် Google Lunar XPrize က ဒေါ်လာ သန်း၃၀ (ယူရို ၂၅ သန်း) တန်ဆုများ ချီးမြှင့်ပေးအပ်သွားမှာဖြစ်ပြီး သိပ္ပံပညာရှင်တွေ၊ စွန့်ဦးတီထွင်သူတွေအနေနဲ့ စရိတ်စကနည်းတဲ့ လကမ္ဘာခရီးစဉ်များ သွားရောက်နိုင်အောင် အားပေးခြင်းဖြစ်တယ်လို့ သိရပါတယ်။

သိပ္ပံပညာရှင်တွေအနေနဲ့ မတ်လရောက်တဲ့အထိ လကမ္ဘာပေါ်မသွားနိုင်ခဲ့ရင်တော့ Google ဆုကို လက်လွှတ်ရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly