တရုတ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် လျူရှောင်ဘို၏ ဇနီး ပြည်ပသို့ ထွက်ခွာခွင့် ရ

တရုတ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် လျူရှောင်ဘို၏ ဇနီး ပြည်ပသို့ ထွက်ခွာခွင့် ရ

ဇူလိုင် ၁၀ ။          ။ ကွယ်လွန်သွားပြီ ဖြစ်သည့် တရုတ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် လျူရှောင်ဘို၏ ဇနီးသည် လျူဇီယာမှာ ယခုအခါ တရုတ်နိုင်ငံကနေ ဂျာမနီသို့ လေယာဉ်ဖြင့် ထွက်ခွာသွားပြီ ဖြစ်ကြောင်း မိတ်ဆွေသူငယ်ချင်းများက ပြောသည်။

လျူဇီယာမှာ တရုတ်တွင် နေအိမ် အကျယ်ချုပ် ကျနေသူတစ်ဦး ဖြစ်ကာ ယခုအခါ နိုင်ငံတွင်းကနေ ထွက်ခွာခွင့် ရသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အသက် ၅၇ နှစ်အရွယ် ကဗျာဆရာမတစ်ဦးလည်း ဖြစ်သည့် လျူဇီယာမှာ မည်သည့် စွဲချက်မှ တင်ခံထားရခြင်း မရှိသော်လည်း သူမ၏ ခင်ပွန်းဖြစ်သူ လျူရှောင်ဘို နိုဘယ်လ်ငြိမ်းချမ်းဆုရရှိသည့် ၂၀၁၀ နောက်ပိုင်းမှစပြီး သူမ၏ သွားလာလှုပ်ရှားမှုများအပေါ် အာဏာပိုင်များက တင်းကျပ်စွာ ပိတ်ပင်တားမြစ်ထားခဲ့သည်။

ယခုအခါ လျူဇီယာမှာ ဖင်လန်နိုင်ငံမှတဆင့် ဘာလင်သို့ ဦးတည်သွားရောက်နေပြီ ဖြစ်ကြောင်း သူမ၏ မိတ်ဆွေသူငယ်ချင်းများက ပြောသည်။

တစ်ချိန်တည်းမှာပဲ လျူဇီယာမှာ သူမ၏ သဘောဆန္ဒအရ နိုင်ငံကနေ ထွက်ခွာသွားခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သွားသည်။

လျူ၏ ခင်ပွန်းသည်ဖြစ်သည့် လျူရှောင်ဘိုကတော့ ၁၉၈၉ ခုနှစ် ထျန်းအန်းမင် ရင်ပြင် ဆန္ဒပြမှု အရေးတော်ပုံတွင် တက်ကြွစွာ ဦးဆောင်ပါ၀င်ခဲ့သူဖြစ်ကာ  ထောင်ဒဏ် ၁၁ နှစ် ကျခံနေရင်း ယမန်နှစ်မှာပဲ ကွယ်လွန်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly