ဂျပန်နိုင်ငံရဲ့ အဆိုးရွားဆုံးသော ရေကြီးမှုမှာ သေဆုံးသူ ၁၄၁ ဦးအထိ မြင့်တက်လာ

ဂျပန်နိုင်ငံရဲ့ အဆိုးရွားဆုံးသော ရေကြီးမှုမှာ သေဆုံးသူ ၁၄၁ ဦးအထိ မြင့်တက်လာ

ဇူလိုင် ၁၀ ။            ။ ဂျပန်နိုင်ငံ ဒေသအစိတ်အပိုင်းတစ်ချို့ကို ဖွတ်ဖွတ်ညက်ညက် ကြေအောင် ဖျက်ဆီးပစ်ခဲ့တဲ့ အဆိုးရွားဆုံး ရေကြီးမှု၊ မြေပြိုမှု ဖြစ်စဉ်များအတွင်း သေဆုံးသူ ဦးရေဟာ ဇူလိုင် ၁၀ ရက်အထိ ၁၄၁ ဦးထိတောင် ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

ယခုအချိန်အထိ ကယ်ဆယ်ရေးလုပ်သားတွေဟာ သဘာဝဘေးဒဏ်သင့် ဧရိယာတွေမှာ တစ်အိမ်တက်ဆင်း စနစ်နဲ့ နောက်ထပ် အသက်ရှင်ကျန်ရစ်သူတွေ ရှိမရှိ လိုက်လံ ရှာဖွေကယ်ဆယ်နေလျက်ရှိပါတယ်။

သတင်းအချက်အလက်တွေအရ လူပေါင်း ဒါဇင်နဲ့ချီ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ထပ် အသက်ရှင်ကျန်ရစ်သူတွေ ထပ်တွေ့နိုင်မယ့် အပေါ် မျှော်လင့်ချက်တွေတော့ တစ်ဖြည်းဖြည်းနဲ့ မှေးမှိန်ပျောက်ကွယ်လာခဲ့ပြီ ဖြစ်ပါတယ်။

ရေကြီးမြေပြိုမှုတွေဖြစ်ပြီး အပျက်အစီ အစုအပုံတွေအောက်မှာ ရုပ်အလောင်းတွေ ထပ်တွေ့လာမယ့်အပေါ် အာဏာပိုင်တွေ စိုးရိမ်နေကြရပြီ ဖြစ်ပါတယ်။

နိုင်ငံ အလယ်ပိုင်းနဲ့ အနောက်ပိုင်း ဒေသတွေကို လုံ့ဝ ထိခိုက်ပျက်ဆီးစေခဲ့တဲ့ ရေကြီးမှု နောက်ပိုင်း အရေးပေါ် ကယ်ဆယ်ရေးလုပ်သားပေါင်း ရ၀,၀၀၀ ကျော်ကို ဖြန့်ကျက်ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly