စပိန်နည်းပြသစ်ဖြစ်လာတဲ့ လူးဝစ် အန်းနရစ်

စပိန်နည်းပြသစ်ဖြစ်လာတဲ့ လူးဝစ် အန်းနရစ်

ဇူလိုင် ၁၀၊ စပိန်။         ။ ဘာစီလိုနာနည်းပြဟောင်းဖြစ်သူ လူးဝစ်အန်းနရစ်ဟာ စပိန်လက်ရွေးစင်ဘောလုံးအသင်းရဲ့ နည်းပြအဖြစ် တနင်္လာနေ့မှာ ခန့်အပ်ခံခဲ့ရပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ ကမ္ဘာ့ဖလားမတိုင်မီရက်ပိုင်းအလိုမှာ နည်းပြလိုပက်တီဂွီနဲ့လမ်းခွဲခဲ့ပြီး ဟီယာရိုကို ယာယီနည်းပြ အဖြစ်တာဝန်ပေးခဲ့ပါတယ်။

စပိန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကနေထွက်ခဲ့ရပြီးနောက် ဟီယာရိုကို နည်းပြအဖြစ် ဆက်လက်တာဝန်မပေးတော့ဘဲ အန်းနရစ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တာဖြစ်ပါတယ်။

“လူးဝစ် အန်းနရစ်ကို နည်းပြသစ်အဖြစ် ၂ နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ပါပြီ”လို့ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ လူးဝစ် ရာဘီယာလက်စ်က ပြောပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ စပိန်အသင်းအတွက် ၉ ပွဲကစားဖူးတဲ့ အက်သလက်တီကိုနဲ့ ဒီပို့တီဗို ဂိုးသမားဟောင်း အသက် ၄၇ နှစ်အရွယ် မိုလီနာကိုလည်း အားကစားဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့ပါသေးတယ်။

အသက် ၄၈ နှစ်အရွယ် အန်းနရစ်ကတော့ ဘာစီလိုနာအသင်းကို ၂၀၁၄ ကနေ သုံးနှစ်ကြာတာဝန်ယူခဲ့ပြီး ပထမဆုံး ကိုင်တွယ်တဲ့နှစ်မှာတင် လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို တပြိုင်တည်း ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly