မယ်ဆိုင်ဂူထဲ ကျန်ရှိ ၅ ယောက်ကို ဇူလိုင် ၁၀ ရက်တွင် အပြီးကယ်ထုတ်မည်

မယ်ဆိုင်ဂူထဲ ကျန်ရှိ ၅ ယောက်ကို ဇူလိုင် ၁၀ ရက်တွင် အပြီးကယ်ထုတ်မည်

မယ်ဆိုင်၊ ဇူလိုင် ၁၀ ။           ။ မယ်ဆိုင်လိုဏ်ဂူထဲမှာ ကျန်ရှိနေသေးတဲ့ ထိုင်းကလေး ၄ ယောက်နဲ့ နည်းပြဖြစ်သူတို့ကို ဇူလိုင်လ ၁၀ ရက်နေ့အပြီး ကယ်ထုတ်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောကြားခဲ့ပြီး ယခုဆေးရုံရောက်နေတဲ့ ကလေးတွေကိုမိဘတွေနဲ့ပေးတွေ့မယ်လို့ပြောပါတယ်။

ဒီနေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်တယ်လို့ အဲဒီနေရာမှာရှိတဲ့ မဇ္ဈိမသတင်းထောက်က ပေးပို့ထားတာပါ။

ကယ်ထုတ်ပြီးတဲ့ ကလေးအားလုံး ကျန်းမာတယ်လို့ သိရပြီး သူတို့က ထိုင်းဖက်ခပေါင်းကျွေးဖို့ ပူဆာနေကြပေမယ့် ဆရာဝန်က လတ်တလော ဆန်ပြုတ်လိုမျိုးသာ ကျွေးဖို့ ညွှန်ကြားထားပါတယ်။

ဒီကလေးတွေကို ချင်းရိုင်ဆေးရုံမှာ ကျန်းမာရေးစစ်ဆေးအပြီးရက်သတ္တပတ် တစ်ပတ်ကြာလျှင် မိဘတွေနေအိမ်ကို ပြန်ပို့ပေးမယ်လို့ သိရပါတယ်။

ဒီနေ့ ဇူလိုင်လ ၁၀ ရက်က မိုးရွာပြီး ရာသီဥတုဆိုးရွားနေပေမယ့် ကျန်ရှိကလေးတွေကို ခေါ်ထုတ်ဖို့အတွက် ရေငုပ်သမားတွေက နံနက် ၁၀ နာရီလောက်က ဂူအတွင်းသို့ ဝင်ရောက်သွားပြီဖြစ်ပါတယ်။

ကလေး၄ ယောက်နဲ့ နည်းပြတစ်ယောက်တို့ကို ဒီနေ့အပြီး ကယ်ဆယ်မယ်လို့ ထိုင်းဘက်က ပြောခဲ့ပါတယ်။

မနေ့ကလည်းထိုင်းနေဗီဆီးလ်က ကာတွန်းပုံနဲ့ ဒီကယ်ထုတ်ရေးမစ်ရှင်ဆောင်ရွက်မှုထုတ်ပြန်ချက်မှာ မြန်မာကယ်ဆယ်ရေးအဖွဲ့တွေရဲ့ပါဝင်ကူညီမှုကို ကျားအရုပ်လေးနဲ့ ဖော်ပြခဲ့ပါသေးတယ်။

ဇူလိုင်လ ၈ ရက်က ကလေး၄ ယောက်၊ ဇူလိုင်လ ၉ ရက်က ကလေး ၄ ယောက် ကယ်ထုတ်နိုင်ခဲ့ပြီး နိုင်ငံတကာရေငုပ်သမား ၉၀ ကျော်က ကြိုးစားကယ်ထုတ်နိုင်ခဲ့တာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly