ကယ်ထုတ်ထားပြီး ထိုင်းကလေးရှစ်ဦးစလုံး ကျန်းမာရေးအခြေအနေကောင်း၊ ချောကလက်ပေါင်မုန့် စားချင်သည်ဟု တောင်းဆို

ကယ်ထုတ်ထားပြီး ထိုင်းကလေးရှစ်ဦးစလုံး ကျန်းမာရေးအခြေအနေကောင်း၊ ချောကလက်ပေါင်မုန့် စားချင်သည်ဟု တောင်းဆို

ဇူလိုင် ၁၀ ။           ။ လှိုဏ်ဂူထဲ ပိတ်မိနေခဲ့ကြတဲ့ ထိုင်းကလေးငယ်အုပ်စုထဲကနေ အပြင်ကို ကယ်ထုတ်ထားနိုင်ခဲ့ပြီဖြစ်တဲ့ ကလေးငယ် ရှစ်ဦးစလုံးဟာ ယခုအချိန်မှာ စိတ်ပိုင်းဆိုင်ရာရော၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာပါ အခြေအနေ ပုံမှန်အတိုင်း ကောင်းမွန်နေပါတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

" အားလုံး ကောင်းတယ်၊ ဖျားတာနားတာလည်း မရှိကြပါဘူး" လို့ ထိုင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Jesada Chokedamrongsuk က ပြောပါတယ်.

ဒါ့အပြင် ၎င်းတို့အနက် ကလေးတစ်ချို့က မနက်စာကို ချောကလက်ပေါင်မုန့်စားချင်ကြောင်း တောင်းဆိုခဲ့သေးတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ယနေ့ သုံးရက်မြောက် ကယ်ဆယ်ရေးနေ့မှာတော့ ကျန်ရှိ ကလေးငယ်တွေကို ဆက်လက်ကယ်ထုတ်ဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly