ဂူထဲပိတ်မိဆဲ ကျန်ရှိကလေးငယ်နှင့် နည်းပြတို့အား ကယ်ထုတ်ရေး စတင်ပြင်ဆင်

ဂူထဲပိတ်မိဆဲ ကျန်ရှိကလေးငယ်နှင့် နည်းပြတို့အား ကယ်ထုတ်ရေး စတင်ပြင်ဆင်

 

ဘန်ကောက်၊ ဇူလိုင် ၁၀ ။                            ။ ထိုင်းနိုင်ငံ မယ်ဆိုင်ခရိုင်က ထွမ်လွန်လိုဏ်ဂူအတွင်း ပိတ်မိနေခဲ့သော ဘောလုံးအသင်း ကလေးငယ် ၁၂ နှင့် နည်းပြဖြစ်သူတို့အား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ ကလေးငယ် ရှစ်ဦးကို ကယ်ထုတ်နိုင်ပြီဖြစ်ပြီး တတိယမြောက်နေ့အဖြစ် ကျန်နေသူများအား ကယ်ထုတ်နိုင်ရေး စတင်ပြင်ဆင်လျက်ရှိပြီ ဖြစ်သည်။

ပိတ်မိဆဲ ကလေးလေးဦးနှင့် နည်းပြဖြစ်သူတို့မှာ ကျန်းမာရေး ကောင်းမွန်ကြပြီး ကျဉ်းမြောင်းသော ရေလျှံနေသည့် လိုဏ်မြောင်းအတွင်းမှ ကယ်ထုတ်နိုင်ရန် အဆင်သင့် ရှိနေသည်။

ဇူလိုင် ၈ ရက်နှင့် ၉ ရက်တို့တွင် ကလေး လေးဦးစီ အသီးသီး ကယ်ထုတ်နိုင်ခဲ့သည့် ထွမ်လွန်လိုဏ်ဂူမှ ကယ်ဆယ်ရေး လုပ်ငန်းစဉ်အား ကမ္ဘာတစ်လွှားမှ စိတ်ဝင်စား စောင့်ကြည့်လျက်လည်း ရှိသည်။

အဆိုပါ ကလေးငယ်နှင့် နည်းပြတို့သည် ဇွန် ၂၃ ရက်မှစကာ မိုးသည်းထန်၍ ရေကြီးရေလျှံခဲ့သည့် ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အား ပြီးခဲ့သည့်သီတင်းပတ်ကမှ ရေငုပ်သမားများဖြင့် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly